
The Trouble with You (2018) ===================== IMDb Rating – 6.2/10 ဒီတစ်ခေါက်မှာတော့ ၂၀၁၈ က ထွက်ရှိထားတဲ့ comedy drama ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျင်းန် ဆိုတာကတော့ မြို့ရဲ့ အထူးချွန်ဆုံးရဲအရာရှိတစ်ဦးဖြစ်ပြီး ပြစ်မှုတွေကို ဖြေရှင်းရင်း အသက်ပေးလိုက်ရတဲ့ သူတစ်ဦးပါ။ သူ့မှာ အီဗန်ဆိုတဲ့ ဇနီးဖြစ်သူ တစ်ဖြစ်လဲ ရဲ၀န်ထမ်းမ တစ်ဦးနဲ့ သားကလေး တစ်ဦး ကျန်ရှိနေခဲ့တယ်။ အီဗန်ဟာ သူတို့ရဲ့ သားလေးကို သူ့အဖေရဲ့ စွန့်စားခန်းတွေကို ညစဉ် အိပ်ယာ၀င်ပုံပြင်အဖြစ် ပြောပြရင်း ဖြတ်သန်းနေတာပေါ့။ တိုက်ဆိုင် ချင်တော့ တစ်နေ့မှာ သူ့ခင်ပွန်းရဲ့ သူရဲကောင်းဘွဲ့ ချီးမြှင့်ပြီး အပြန်မှာ အမှုတစ်ခုနဲ့တိုးပြီး ခင်ပွန်း ဂျင်းန်ဟာ သူထင်ထားသလို ဖြောင့်မတ် မှန်ကန်တဲ့ရဲ မဟုတ်ဘဲ တကယ့် ငပွေဂျပိုး ရဲ တစ်ယောက်ဖြစ်နေမှန်း အီဗန်တစ်ယောက် သိလိုက်ရပါတယ်။ တစ်သက်လုံးသိလာရတဲ့ အရာတစ်ခုဟာ အမှန်တရားမဟုတ်တဲ့အတွက် အီဗန်တစ်ယောက် ဆောက်တည်ရာမရဖြစ်ပြီး ဓါးပြမှုတစ်ခုကနေ သူ့ခင်ပွန်း မတရားထောင်ချခဲ့တဲ့ အန်တွမ်ဆိုတဲ့ သူနဲ့ သွားတွေ့ဖို့ ကြိုးစားရင်း ပြဿနာတွေ တောက်လျှောက်တက်လာတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဟာသဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်။ ကြည့်ရှုရင်း အပန်းဖြေလိုက် ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chuck Chuck ဖြစ်ပါတယ်)