
အလုပ်မရှိ အကိုင်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ် ပလပ်ဖောင်းခေါင်းအုံးရတဲ့ သူခိုးလေး ရာဂျီဗန်... ရုပ်ရည်ချောမောပြီး လူမမာ ဖခင်ကို ပြုစုနေရတဲ့ တမဲလ်အလုပ်သမလေး ဒေဗီ... သူတိုနှစ်ဦးဟာ ကံစီမံရာ ဇာတ်ဆရာအလိုကျအတိုင်း ချစ်ကျွမ်းဝင်ခဲ့ကြရာ ဒေဗီက ရာဂျီဗန်ကို သူခိုးအလုပ်ကို ထပ်မလုပ်ဖို တောင်းဆိုပြီး Living Together နေထိုင်ခဲ့ကြရင်း တစ်နေ့မှာတော့ ရာဂျီဗန်ဟာ MLA အမတ်ရဲ့အိမ်ကို ခိုးဝင်တဲ့အမှုနဲ့ စွပ်စွဲခံရပါတယ်။ တကယ်တမ်းက ဘုရားပွဲကနေပြန်လာရင်း လမ်းမှာ သုံးဘီးတစ်စီးက ဝင်တိုက်မိမလို ဖြစ်တဲ့အတွက် ရှောင်ရင်းကနေ အမတ်ရဲ့ အိမ်ထဲကို ခုန်ဝင်မိရင်း ခွေးဆွဲတာခံရတာပေါ့ဗျာ။ အဲ့ဒီလိုနဲ့သူခိုးဆိုပြီး တစ်ရပ်ကွက်လုံးက ဆွမ်းကြီးလောင်း ရဲလက်အပ်လိုက်တာပေါ့။ တရားရုံးမှာတော့ ရာဂျီဗန်ဟာ ဉာဏ်ရွှင်သူဖြစ်တာနဲ့အညီ ပစ္စည်းခိုးဖို ရည်ရွယ်ခဲ့တာမဟုတ်ကြောင်း ချက်ကျလက်ကျ ရှင်းပြရင်း သက်သေတွေကို ကိုယ်တိုင်ရှာရပါတော့တယ်။ အဲ့ဒီလိုနဲ့ ရာဂျီဗန်ဟာ သက်သေတွေ စုတုပြုပြီး ဖြစ်စဉ်ဟာ လမ်းမပေါ်က ချိုင့်ခွက် တွေကြောင့် ဖြစ်ကြောင်းတင်ပြရင်း ဆောက်လုပ်ရေးဝန်ကြီးကိုပါ စွပ်စွဲလိုက်တော့ ပွဲကြမ်းကုန်ပါလေရော... အဲ့ဒီချိုင့်ခွက်တွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိဦးမှာလဲ...? လမ်းဖောက်ဖို အရည်အသွေးမပြည့်မီတဲ့ ကုန်ကြမ်းတွေကို ဘယ်သူက သုံးခဲ့တာလဲ...? ရာဂျီဗန်တစ်ယောက် တရားရင်ဆိုင်နိုင်ပါ့မလား...? ကဲ... ဇာတ်ကားရဲ့ အစပိုင်းမှတော့ ဟာသနှောတဲ့ Dialogue တွေနဲ့အတူ စုံစမ်းစစ်ဆေးတာတွေလုပ်ပြီး ဒုတိယအပိုင်းမှာတော့ တရားခွင်စကားစစ်ထိုးပွဲတွေကို အဓိကထား ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ အတွေးအခေါ် အယူအဆတွေအပြည့်နဲ့ မပျင်းရအောင် ဟာသနှောပြီး တင်ဆက်ထားတဲ့ ဇာတ်ကားကောင်းဖြစ်တာမို ကြည့်ရှုသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ File size…2.45GB / 1.13GB Quality…1080p True WEB DL AAC5.1Ch / 720p Format…mp4 Duration….2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Kham Mon & Sora & Taylor & BpL & Yunni
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |