
၂၀၀၀ ပြည့်နှစ်က အင်္ဂလိပ် ဟာသဒရမ်မာဇာတ်လမ်း Greenfingers ဟာ ဖြစ်ရပ်မှန်ကို အခြေခံထားတာပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။Greenfinger ဆိုတာ သစ်ပင် အစိုက်ကောင်းတဲ့ ဥယျာဉ်မှူးတွေကို တင်စားခေါ်ဝေါ်တဲ့စကား ဖြစ်ပါတယ်။ အင်္ဂလန်က လုံခြုံရေးလျှော့ပေါ့ထားတဲ့ အကျဉ်း စခန်းတစ်ခုက ဆုရအကျဥ်းသားတွေအကြောင်း အခြေခံရိုက် ကူးထားတယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းထဲမှာ ကောလင်န်ဘရစ်စ်ဟာ ထောင်နှစ်ရှည်ကျနေတဲ့ အကျဉ်းသားတစ်ယောက်ပါ။ နှစ်အတော်ကြာပြီးတဲ့နောက် သူ့ အပြုအမူကောင်းတွေကြောင့် လုံခြုံးရေးလျှော့ပေါ့ထားတဲ့ open prison စနစ်နဲ့ အကျဉ်းထောင်တစ်ခုဆီ ပြောင်းရွှေ့ရပါတယ်။ အဲဒီမှာ လူအမျိုးမျိုးနဲ့ တွေ့ရပေမဲ့ အထူးခြားဆုံးက သူ့အခန်းဖော် အဘိုးကြီးဖားဂတ်စ်ပါ။ တစ်နေ့မှာ ဖားဂတ်စ်ကြီးကောင်းမှုကြောင့် ကောလင်န်နဲ့ အကျဉ်းသားတစ်စုတို့ ဥယျာဉ်မှူးဘ၀ကို ရောက်မှန်း မသိ ရောက်သွားကြပါတယ်။ အဲဒီမှာ သူတို့တွေအပြောင်းအလဲကြီး ပြောင်းလဲပြီး ဘ၀ပန်းတိုင်းကို ရှာတွေ့သွားကြပါတယ်။ ဒါပေမဲ့ လူတွေရဲ့ အလိုလိုအထင်သေးခံရမှုတွေကြောင့် သူတို့ပန်းတိုင် ကို သွားရာလမ်းဟာ မဖြောင့်ဖြူးဘဲ အနှောင့်အယှက်တွေ ကြုံရပါတယ်။ ထောင်ထဲကလူဆိုးတွေဘ၀ကနေ ပန်းဥယျာဉ်မှူးအဖြစ် ပြောင်းလဲသွား ကြတဲ့ ကောလင်န်တို့လူစု အခက်အခဲကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ် သွားကြမလဲဆိုတာ တွေးရင်းငေးရင်း စိတ်၀င်တစား ကြည့်ကြရမှာပါ။ မြင်နေကျ အကျဉ်းထောင်ဇာတ်လမ်းတွေမျိုး ဖြစ်မယ်ထင်ထားပေမဲ့ ကြည့်ရင်းနဲ့ တစ်မျိုးတစ်ဖုံကွဲပြားပြီး စိတ်၀င်စားစရာ ကောင်းတာကို တွေ့ရပါတယ်။ ဇာတ်ကားက တွေးစရာလေးတွေနဲ့ ငြိမ့်ငြိမ့်လေးတစ်မျိုး၊ လူ့သဘာ၀တွေကိုထင်ဟပ်ထားတဲ့ ရသကတစ်ဖုံကိုမှ ရိုရိုအခန်းလေးတွေနဲ့ ဟာသလေး ပါးပါးဖောက်ပြီး ဒရမ်မာလေးလည်း နှောထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.85 GB) / (838 MB) / (537 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Crime, Drama Translator.......C'mon Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |