
jcvd ဆိုတာက ဗန်ဒိန်းလို့ကျွန်တော်တို့သိကြတဲ့ အက်ရှင်မင်းသားကြီးJean-Claude Van Dammeရဲ့အတိုကောက်ပါ။ ဒီကားဟာဆိုရင်သူ့ရဲ့အခြားအက်ရှင်ကားတွေလိုမဟုတ်ဘဲ မင်းသားကြီးရဲ့လက်တွေ့ဘဝတွေ၊ ခံစားချက်တွေ၊ သူဖော်ပြချင်တဲ့ သူ့ရဲ့ကိုယ်ပိုင်ဒုက္ခတွေကိုတင်ဆက်ထားတာပါ။ ဇာတ်လမ်းအစမှာဆိုရင် မင်းသားကြီးဗန်ဒိန်းရဲ့ ကလေးအုပ်ထိန်းခွင့် တရားရင်ဆိုင်ပြီးရှုံးနိမ့်တာတွေမြင်ရမှာပါ၊ သူ့ရဲ့ရုပ်ရှင်တွေက အက်ရှင်ကားတွေဖြစ်တာကြောင့် သမီးဖြစ်သူက ကျောင်းမှာ လှောင်ခံပြောင်ခံရလို့ ဖေဖေနဲ့အတူနေဖို့မရွေးချယ်ပါဘူးလို့ တရားရုံးမှာထွက်ဆိုခဲ့တာပါတဲ့။ ဒီလိုနဲ့တရားခွင်မှာရှုံးနိမ့်ပြီး ဘယ်လ်ဂျီယံကိုပြန်လာခဲ့တော့လည်း ပြည်ပမှာအနေကြာသွားတဲ့အတွက် ATMကငွေထုတ်မရ၊ ငွေလည်းအဆင်မပြေဖြစ်ရပြန်ပါတယ်၊ ငွေလွှဲယူဖို့အတွက် ဘဏ်ကိုအသွားမှာပဲ ဓားပြတိုက်မှုတစ်ခုထဲပါသွားပါတော့တယ်၊ ဒါပေမယ့် အက်ရှင်ကားတွေထဲကလိုတိုက်ခိုက်ဖြေရှင်းမှာမျိုးမဟုတ်ဘဲ မင်းသားကြီးရဲ့လက်တွေ့ဘဝထဲကပုံစံအတိုင်းပဲဖြေရှင်းသွားမှာဖြစ်ပါတယ်။ တကယ့်ကိုလက်တွေ့ဆန်တဲ့ရုပ်ရှင်ပါပဲ။ အက်ရှင်မင်းသားလည်း သာမန်လူတစ်ယောက်ပါပဲ၊ သူလည်း ကမ္ဘာကြီးအတွက်ပြန်အကျိုးပြုချင်တယ်ဆိုတာမျိုးကိုမြင်တွေ့ရမယ့် ကားကောင်းလေးပါပဲ။ File Size :(2.1GB)(904 MB) and (313MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:37:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 904 MB | Download | |
| 720p | 904 MB | Download |