
အခုမိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ၂၀၁၇ မှာ အသစ်စက်စက် ထွက်လာတဲ့ Logan Lucky ဆိုတဲ့ဟာသဆန်ဆန် ဇာတ်ကားကောင်းလေးပါ။ ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးနဲ့ညီအစ်ကိုတွေကြားကသံယာဇဉ်လေးတွေကိုမိသားစုစိတ်ဓာတ်လေးတွေကိုရိုက်ပြသွားတာပါ။ ဒီထဲမှာတော့ ဂျင်မီလိုဂန်နဲ့ စလိုက်လိုဂန်တို့ ညီအစ်ကို ၂ ယောက်အဖြစ် Channing Tatum နဲ့ Adam Driver တို့ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ အစ်ကိုဖြစ်သူဂျင်မီက ခြေဆာနေပြီး ညီဖြစ်သူ စလိုက်ကတော့ လက်ပြတ်နေသူပါ သူတို့ဟာ မွေးရာပါမဟုတ်ဘဲ လိုဂန်မိသားစုရဲ့ကံဆိုးခြင်းကျိန်စာကြောင့် ဖြစ်ရတယ်လို့ ထင်နေတာပါ တစ်နေ့တော့ ဂျင်မီအလုပ်ပြုတ်သွားတဲ့အခါ သူက ဓားပြတိုက်ဖို့ အစီအစဉ်တွေ ဆွဲပြီး သူ့ညီကို ပါအောင်ဆွဲဆောင်ပါတော့တယ် သူတို့ ၂ ဦးသဘောတူသွားချိန်မှာတော့ ဘဏ်မီးခံသေတ္တာကို ဖောက်နိုင်တဲ့ တစ်ဦးတည်းသော သူဖြစ်တဲ့ ဂျိုးဘန်းကို လိုအပ်လာပါတယ် ဂျိုးဘန်းနေရာမှာတော့ ဂျိန်းစဘွန်းမင်းသားကြီး Daniel Craig ကသရုပ်ဆောင်ပေးထားတာပါ။ ဒီနေရာမှာဂျိန်းစ်ဘွန်းမင်းသားဟောင်းကြီးရဲ့သရုပ်ဆောင်ဟန်တွေကိုပီပီပြင်ပြင်တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ပေါ့ပေါ့ပါးပါးနဲ့ကျရာဇာတ်ကိုသရုပ်ဆောင်ထားပုံကကြည့်ရသူကိုအားရကျေနပ်စေမှာပါ။ ထောင်ကျနေပေမယ့်သူ့ရဲ့geniusအတွေးအခေါ်တွေသိပ္ပံပညာတွေသုံးပြီး ထောင်ကျနေချိန်ဖြစ်နေတာတောင် သူတို့ ဘယ်လိုအစီအစဉ်တွေ ချပြီး ဓားပြတိုက်မလဲ ဆိုတာတော့တကယ်စိတ်ဝင်စားဖွယ်နဲ့ဟာသလေးနှောပဲရိုက်ကူးထားတာလေးတွေကို ကြည့်ရှုကြပါဦး IMDb rating 7.3 ထိရထားတာဆိုတော့Action/Comedyကားအကောင်းစားဆိုတာကတော့လုံးဝသေချာတာမို့ဂျိန်းစဘွန်းမင်းသားကြီးကိုအားပေးရင်း လက်လွတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်းပြောပါရစေဗျာ။ (ဘာသာပြန်သူတွေကတော့ သူရသရဖီပါ) File Size : (950 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 58min Format : Mp4 Genre :Comedy, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Tharaphi Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |