
Online Shopping တွေကနေ ပစ္စည်းမှာရင် Delivery လာပို့တဲ့သူတွေကို သိကြမှာပါ။ ကမ္ဘာပေါ်မှာ ပစ္စည်း Delivery ပို့တဲ့ အလုပ်လုပ်ပြီး ပိုက်ဆံတွေထားစရာနေရာမရှိအောင် ချမ်းသာသွားတဲ့သူအကြောင်း သိချင်ပါသလား။ ဒါဆိုရင်တော့ ဒီ American Made ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားက မကြည့်မဖြစ် ကြည့်ရှူ့သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ 1980 မတိုင်ခင်ကစပြီး အမေရိကန်နိုင်ငံတွင်းကို အမေရိကအလယ်ပိုင်းကနေတဆင့် တရားမဝင်မူးယစ်ဆေးတွေ မှောင်ခိုသွင်းလာကြပါတယ်။ အဲ့ထဲမှာ သမီးဖြစ်သူ ဆောင်းတွင်း အရမ်းချမ်းလို့ ဒေါ်လာ ၂ သန်းကို မီးရှို့ပြီး အနွေးဓာတ်ရအောင်လုပ်ပေးဖူးတယ်ဆိုတဲ့ နာမည်ကျော်မူးယစ်ရာဇာကြီး Pablo Escobar လဲ အပါအဝင်ပါပဲ။ ဒီဇာတ်ကားမှာတော့ ခေါင်းဆောင်မင်းသား Tom Cruise က Barry Seals လို့ခေါ်တဲ့ လေယာဉ်မှူးတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အစပိုင်းမှာ TWA လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးကောင်းတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်နေရာကနေ သူ့ရဲ့ လေကြောင်းကျွမ်းကျင်မှုကို သတိထားမိလာကြတဲ့အခါ CIA က စတင်ပြီး တရားမဝင်အလုပ်တွေကို ခိုင်းစေလာခဲ့ပါတယ်။ နောက်ပိုင်းမှာ CIA အပြင် Pablo Escobar ရဲ့ မူးယစ်ဂိုဏ်း၊ သူ့မိတ်ဆွေ ရှိတ်ဖာဆီမှ ရုရှားလက်နက်မှောင်ခိုသွင်းလုပ်ငန်းတို့တွင်ပါ ပါဝင်လုပ်ကိုင်လာခဲ့ပြီး သူရဲ့ အဓိကတာဝန်ကတော့ ကိုကင်း၊ AK-47 သေနတ်၊ လူမှောင်ခိုတို့ကို နယ်စပ်စစ်ဆေးရေးနဲ့ လေတပ်က မမြင်အောင် တစ်နိုင်ငံကနေ တစ်နိုင်ငံကို လျှို့ဝှက်ပို့ဆောင်ပေးရတာပါ။ Barry Seals တစ်ယောက် သူဋ္ဌေးဖြစ်အောင် ဘယ်လိုလုပ်ရသလဲ၊ သူ့မှာ သေချာတဲ့အနာဂတ်ရော ရှိရဲ့လား၊ မိတ်ဆွေအပေါင်းအသင်းတွေကရော တကယ်ယုံကြည်ရသလား ဆိုတာတွေကိုတော့ ဇာတ်ကားကြည့်ပြီး ဆက်လက်ခံစားကြပါ။ လက်ရှိ Imdb rating 7.3 ရရှိထားပါပြီး ဝေဖန်မှုကောင်းတွေ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုအာကာဖြိုးပါ) File Size : (900 MB) Quality : Blu-Ray 720p Running Time : 1hr 55min Format : Mp4 Genre :Action, Biography, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Arkar Phyo Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |