
“ကလဲ့စားဆိုတာ ချိုမြိန်တဲ့ဟင်းလျာတစ်ခုဆိုပေမယ့် တည်ခင်းတဲ့အချိန်မှာအေးစက်နေခဲ့ပါပြီ” နှစ်အနည်းငယ်အကြာက ရန်ကြွေးတစ်ခုကြောင့် အယ်လ်ဖွန်စေ ရဲ့ ဂိုဏ်းထဲကိုအယောင်ဆောင်ဝင်ရောက်ခဲ့တဲ့ ဗစ်တာကို သူ့ကို စောင့်ကြည့်နေတဲ့ လမ်းတစ်ဖက်ခြမ်းက ကောင်မလေး ဘီးထရစ်စ်က သူ့ရဲ့ မကောင်းမှုလုပ်ရပ်တစ်ခုကို မမျှော်လင့်ဘဲ မြင်တွေ့ခဲ့ပါတယ်. ဗစ်တာရဲ့ စိတ်ထဲမှာလည်း သူ စနိုးစနောင့် ဖြစ်နေရတဲ့ကိစ္စကို ဖြေရှင်းဖို့ ဘီးထရစ်စ်ကို ချဉ်းကပ်ခဲ့သလို ဘီးထရစ်စ်ကလည်း သူ လိုချင်တဲ့လက်စားချေမှုကို ဗစ်တာက ယူလာပေးနိုင်မှာလားဆိုတာသိချင်တဲ့စိတ်နဲ့ နှစ်ယောက်သား ချိန်းတွေ့ခဲ့ကြပါတယ်. တစ်ယောက်ရဲ့ တကယ့်ရည်ရွယ်ချက်ကို တစ်ယောက် သိသွားချိန်မှာတော့ လက်စားချေမှုကို လိုချင်သူနှစ်ယောက် အချင်းချင်း ကူညီနိုင်မလား. ဗစ်တာကရော သူ့မိသားစုအတွက် လက်စားချေနိင်မလား. လူကြမ်းကြီး ဗစ်တာနဲ့ သိမ်ငယ်ရသူလေး ဘီးထရစ်စ်တို့ကြားထဲက သံယောဇဉ်တွေကရော သူတို့ရဲ့ ရည်ရွယ်ချက်တွေကို အနှောက် ယှက်ပေးလာနိုင်မလား ဆိုတာကိုအခက်အခဲ နှင့် အားပြိုင်မှုများ၊ လျှို့ဝှက်ချက် နှင့် ဖုံးကွယ်မှုများ၊ဇာတ်ကွက်အလှည့်အပြောင်း စတာတွေကို အက်ရှင်ကြမ်းကြမ်းနဲ့ တင်ဆက်ပေးထားတဲ့ ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.53GB / 551MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 58m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali