
မင်းသားကြီးအာနိုးခေါင်းဆောင် အဖြစ်ပါဝင်ထားပြီး အရန်အဖြစ်လဲ avatar မင်းသား Sam Worthington အပါအဝင် အရန်အင်အားတောင့်တောင့်နဲ့ အက်ရှင်ဇာတ်ကားလေးပါ မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဘရစ်ချာနဲ့ အဖွဲ့ဟာ မူးယစ်ဂိုဏ်းတခုရဲ့ စခန်းကို ဝင်ရောက်စီးနင်းရင်း ဖမ်းဆီးမိတဲ့ ငွေပုံကြီးထဲကနေ ဒေါ်လာ ဆယ်သန်းကို ခိုးယူပြီးဖွက်ထားခဲ့ကြတယ် လူဆိုးတွေနဲ့ တိုက်ခိုက်အပြီး ငွေတွေပြန်သွားရှာရာမှာ ဒေါ်လာဆယ်သန်း ပျောက်ချင်းမလှပျောက်သွားတဲ့အပြင် တဖွဲ့လုံး ခိုးမှုနဲ့ အစစ်ခံရတော့ပါတယ် ခြောက်လကြာစစ်ဆေးပြီး မသင်္ကာစရာ မတွေ့၍ပြန်လည် တာဝန်ထမ်းဆောင်ကြရင်း အဖွဲ့ဝင်တွေ တယောက်ပြီးတယောက် ရက်ရက်စက်စက်အသတ်ခံရပါတော့တယ် စစ်ဆေးရေးမှုးမလေးနဲ့ပူးပေါင်းပြီး တရားခံရှာကြရင်း သံသယရှိတဲ့ သူတွေ တွေ့လာရသလို အဖွဲ့ထဲမှာလဲ တယောက်ပြီးတယောက် သေနေတဲ့အတွက် ပြဿနာတွေတက်လာသည့်အပြင် ဘရစ်ချာရဲ့ ဇနီးအသတ်ခံရတဲ့ အတိတ်တွေအပါအဝင် ပြဿနာပေါင်းစုံထဲကနေ လူသတ်သမားကို ဘယ်လိုရှာကြမလဲ ဆိုတာကို ရှုစားရမှာဖြစ်ပါတယ် File size… 2.5 GB / 1.1 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 49m Genre ..... Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu