
စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦး ဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့ သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ American Comedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်း လို့တော့ မထင်လိုက်ပါနဲ့ ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်း လေးတစ်ကားပဲ ဖြစ်ပါတယ် ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန် တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့် တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကို ယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါ လက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာ တစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီ သင်တန်းကို သွားတက်ပါတော့တယ် သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအား မြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါ တော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ် သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာ အယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ် တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကို တစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက် သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာ ဗျာများရင်း... ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတာ... စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre .....Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Poebe
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.41GB | Download | |
| 720p | 673MB | Download | |
| 1080p | 1.41GB | Download | |
| 720p | 673MB | Download |