
လက်ရှိIMDbမှာ rating 7.9 နဲ့ tomatoမှာ 95%ရထားတဲ့ Dramaကားကောင်းတစ်ကားပါ။ ရင်းနှီးပြီးသားသရုပ်ဆောင်တွေလည်းပါဝင်ထားပါတယ် (Dakota Johnsonလေး) ဇာတ်လမ်းကတော့ ဇက်ခ်ဆိုတဲ့၂၂နှစ်အရွယ်ကောင်လေးတစ်ယောက်က ဉာဏ်ရည်နိမ့်ပါးတဲ့ရောဂါဖြစ်နေပြီး သူ့ကိုစောင့်ရှောက်ပေးမယ့် မိသားစုမရှိတာကြောင့် အစိုးရကသူ့ကို သက်ကြီးဘိုးဘွားဂေဟာမှာ နေခိုင်းထားပါတယ်။ ဒါပေမယ့် သူ့ရဲ့နပန်းသမားအိပ်မက်ကိုအကောင်အထည်ဖော်ဖို့အတွက် အဲ့ကနေထွက်ပြေးလာရင်း လမ်းမှာပြဿနာဖြစ်လို့ထွက်ပြေးလာတဲ့ အကြမ်းဗတမ်းအကုန်ရတဲ့တောသား ကြီးတိုင်လာနဲ့ တွေ့ဆုံမိသွားတယ်။ နောက်တော့ ဇက်ခ်သွားမယ့်နေရာက တိုင်လာသွားမယ့်နေရာနဲ့ တစ်လမ်းတည်းဖြစ်နေတာကြောင့် သူတို့နှစ်ဦးသား အတူတူခရီးနှင်ဖြစ်သွားတာပေါ့။ ဇက်ခ်ကိုလည်း ဂေဟာကစောင့်ရှောက်ပေးနေသူလေးကလိုက်ရှာ၊ တိုင်လာကိုလည်း သူ့ကိုမကျေနပ်တဲ့သူတွေ(Yelawolfတောင်ပါသေး)က လိုက်ရှာဆိုတော့ လမ်းမကနေမသွားဘဲ ပုန်းလျှိုးကွယ်လျှိုးနဲ့သွားလာနေကြရတာပေါ့။ အဲ့လိုခရီးအတူတူနှင်ရင်းနဲ့ သူတို့နှစ်ဦးလမ်းခရီးမှာ အခက်အခဲတွေကိုကျော်ဖြတ်ရင်း၊ ဒုက္ခသုခတွေကိုမျှဝေရင်းနဲ့ ဖြစ်လာတဲ့သံယောဇဉ်တွေ၊မေတ္တာတွေကို ညိမ့်ညိမ့်ညောင်းညောင်းဖော်ကျူးတင်ဆက်ထားတဲ့ကားလေးပါ။ Ratingတွေလည်းအရမ်းကောင်းနေတာမို့လို့ ကိုယ်တိုင်ပဲခံစားကြည့်ရှုလိုက်ပါ။ File Size : ( 908 MB , 342 MB) Quality : WEB-DL 720p Running Time : 1 hr 37 min Format : Mp4 Genre : Adventure , Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin