
Good Job အပြီး Jung IL Woo ရဲ့ Drama ကို မျှော်လင့်နေကြသူတွေအတွက်- Highway Family ဆိုတဲ့ မိသားစုဇာတ်လမ်းကောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ။ ဇာတ်လမ်းနာမည်လေးအတိုင်းပဲ အဝေးပြေးလမ်းမပေါ်က အိမ်ရာမဲ့မိသားစုလေးတစ်ခုအကြောင်းကို ရိုက်ကူးပြထားတဲ့ ဒီဇာတ်ကားမှာဆိုရင်တော့ ကိုယ့်ရဲ့ဘဝတစ်ကွေ့မှာကြုံတွေ့ရနိုင်တဲ့ လောကဓံတရားတွေနဲ့ မိဘမေတ္တာတွေအကြောင်းကို ဇာတ်အိမ်ဆန်းဆန်းလေးနဲ့ ရိုက်ကူးတင်ဆက်ပြထားပါတယ်။ နေစရာအိမ်လည်းမရှိ အလုပ်အကိုင်လည်းမရှိတဲ့ ဂျန်ဂီဝူတို့မိသားစုဟာ သားတစ်ယောက် သမီးတစ်ယောက်နဲ့အတူ လမ်းပေါ်မှာပဲ တောင်းရမ်းစားသောက်နေရင်း တစ်နေ့မှာတော့ ဇနီးသည်ဂျီဆူမှာ နောက်ထပ်ကိုယ်ဝန်ရလာခဲ့ပြန်ပါတယ်။ အလိုလိုနေရင်း မနည်းရုန်းကန်နေရတဲ့ ဒီမိသားစုလေးထဲကို ကလေးလေးတစ်ယောက် ထပ်ရောက်လာတော့မယ်ဆိုကာမှ ဂျန်ဂီဝူဟာ ရုတ်တရက် အဖမ်းခံလိုက်ရချိန်မှာတော့...။ ကျန်ရစ်ခဲ့တဲ့ ကလေးနှစ်ယောက်နဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်ဂျီဆူတို့ ဘဝကို ဘယ်လိုရှေ့ဆက်ဖြတ်သန်းကြမလဲ။ သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လောကဓံတွေကို မျှဝေခံစားပေးမယ့်သူ၊ အကူအညီပေးမယ့်သူ ပေါ်လာပါဦးမလားဆိုတာ ရင်တနင့်နင့်နဲ့ ကြည့်ရှုခံစားရမှာဖြစ်လို့ Family Movie ကြိုက် ပရိသတ်ကြီးတို့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ Cast တွေအနေနဲ့ကလည်း Jung IL Woo, Kim Seulgi နဲ့ Ra Miran တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာမို့ သေချာပေါက်ကြည့်ကောင်းမယ်ဆိုတာ အထွေအထူးမိတ်ဆက်နေစရာမလိုတော့ပါဘူးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size…2.2GB | 960MB | 459MB Format… mp4 Duration….2h 9min Subtitle…. Myanmar Subtitle (Hardsub) Translator .....Hmwe Thet Winn Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |