
A Carpenter’s Prayer (2024) IMDb Rating (5.3) / Rotten Tomatoes (95%) ဒီဇာတ်ကားကတော့ သူ့ရဲ့ ခေါင်းစဉ်အတိုင်း လက်သမားတစ်ယောက်ရဲ့ဆုတောင်းသံကို ဇာတ်အိမ်တည်ပြီးတော့ ရေးထားတာပါ။ အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ဖြစ်ရပ်လေးတစ်ခုကို အခြေခံပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက် တကယ်ကို စိတ်နဲ့ထိတွေ့ဖို့ကောင်းလှတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင်လည်းမမှားပါဘူး ဇတ်လမ်းအကျဉ်း ဒွိုင်းလ် လို့ခေါ်တဲ့ လက်သစ်သင်းအုပ်ဆရာလေးတစ်ယောက်ဟာ သူ့ရဲ့ နေရာဝန်းကျင်မှာ အချိန်တိုအတွင်းမှာ လူတွေအများကြီးကို ခရစ်ယာန်ဖြစ်သွားအောင် သွန်သင်နိုင်ခဲ့ပြီး လူပေါင်းများစွာကို နှစ်ခြင်းပေးနိုင်ခဲ့တဲ့ သင်းအုပ်ဆရာတစ်ယောက်ဖြစ်လာပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ သူတို့နားတစ်ဝိုက်မှာ ဘုရားကျောင်းတွေများပြီး တက်ရောက်တဲ့သူတွေလည်းများလာပါတယ်။ ဒီလိုနဲ့ ဒွိုလ်ဟာ တခြား သင်းအုပ်ဆရာနဲ့ အသင်းလူကြီးတွေဖြစ်ကြတဲ့ ဘက်ဗ်၊ ဟာရိုး ဂျော့ဂ်ျတို့နဲ့ ဆွေးနွေးပြီး နေရာသစ်တစ်ခုမှာ ဘုရားကျောင်းဆောင်သစ်တစ်ုခကို ဆောက်လုပ်ဖို့တိုင်ပင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပြဿနာက သူတို့ရဲ့အရင်ဘုရားကျောင်းတွေကို ဖျက်သိမ်းပြီး မြေရောင်းထုတ်ရင်တောင်မှ အဆောက်အအုံသစ်ဆောက်လုပ်ဖို့အတွက် ဒေါ်လာ ၅ သောင်းလိုနေပါသေးတယ်။ မတည်ငွေထပ်ရှာဖို့ အနီးအနားက ရင်းနှီးမြှုပ်နှံမှုပိုင်ရှင် ကန်စထရစ်ကလာဆိုတဲ့သူကို သွားတောင်းဆိုပြန်တော့လည်း အာမခံချက်မရှိတဲ့ စီမံကိန်းမလို့ ပိုက်ဆံမထုတ်ပေးနိုင်ဘူးဆိုပြီးဖြစ်သွားပါတယ်။ ဒီလိုနဲ့ပဲ ရှိရာနဲ့ဆောက်မယ်ဆိုပြီး စဆောက်ဖြစ်တဲ့အခါမှာလည်း လက်သမားဖြစ်သူဟာ မကျန်းမာလို့ ဆောက်ရင်းတန်းလန်း ဆောက်လုပ်ရေးကိုရပ်လိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ အမှတ်မထင်ဘဲ သင်းအုပ်ဆရာတို့နေရာ အရပ်ကို တစ်ချိန်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ဂလန်းဖရန့်ခ်ဆိုတဲ့သူဟာပြန်ရောက်လာခဲ့ပါတယ်။ ပြန်ရောက်လာဆဲမှာပဲ အလုပ်လက်မဲ့ အရက်သမားဖြစ်လို့ သမီးဖြစ်သူက အလုပ်သွားရှာဖို့ပြောရင်း ဒွိုင်းလ်တို့ရဲ့ သင်းအုပ်ဆရာအတွက် အစားထိုးလက်သမားလုပ်ပေးဖို့ ဖြစ်လာခဲ့ပါတယ်။ တစ်ချိန်က ပြစ်မှုလုပ်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပေမယ့်လည်း ဖရန့်ခ်တစ်ယောက် သင်းအုပ်ဆရာတို့မိသားစုရဲ့ နွေးထွေးမှုနဲ့ ကြုံလာရတဲ့အခါမှာတော့ သူ့ဘဝကြီးဟာ တစ်စပြီးတစ်စ ပြောင်းလဲပြီး ဘုရားနဲ့ပိုပြီးနီးကပ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (1.8 GB) / (770 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Family Duration…. 01:31:42 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark