
ဒီတစ်ခါတင်ဆက်ပေးမှာကတော့ war/adventure ရုပ်ရှင်တစ်ခုဖြစ်တဲ့ The Guns of Navarone ပါ မူရင်းစာအုပ် The Guns of Navarone ကို မှီငြမ်းပြီး ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ် Navarone ဆိုတဲ့ကျွန်းက အပြင်မှာ တကယ်မရှိပါဘူး ပါဝင်ထားတဲ့သရုပ်ဆောင်တွေကလည်း Roman Holiday, To kill a mockingbird တို့နဲ့ သိလောက်မယ့် မင်းသားကြီး Gregory Peck, David Niven, Anthony Quinn, James Darren တို့ပါ IMDb rating 7.5, rotten tomatoes 92% ရထားတဲ့ စစ်စွန့်စားခန်း ရုပ်ရှင်ကားကောင်းတစ်ခုပါပဲ ဇာတ်ကြောင်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တွေဟာ စစ်အင်အားပြသဖို့အတွက် ဂရိကျွန်းဆွယ်တစ်ခုဖြစ်တဲ့ ကာရိုစ်ကျွန်းကို ရုတ်တရက်ထိုးစစ်ဆင်ဖို့ ကြံစည်ပါတယ် ကာရိုစ်ကျွန်းပေါ်မှာ သောင်တင်နေတဲ့ အင်္ဂလိပ်စစ်သား ၂၀၀၀ ကို ကယ်တင်ဖို့အတွက် မဟာမိတ်အဖွဲ့ဘက်က အရည်အချင်းပြည့်ဝတဲ့ အရာရှိ ၆ ဦးကို ဂျာမန်တွေရဲ့ နောက်ဆုံးပေါ်အမြောက်ကြီးတွေ တပ်ဆင်ထားတဲ့ နာဗာရွန်ကျွန်းကို ဖောက်ခွဲပစ်ဖို့အတွက် စေလွှတ်လိုက်ပါတော့တယ် အစကတည်းက မဖြစ်နိုင်ဘူးဆိုတာ သေချာနေတဲ့ စစ်ဆင်ရေးတစ်ခုကို စေလွှတ်ခံရတဲ့ အရာရှိ ၆ ဦးတို့ ဘယ်လိုစွန့်စားခန်းတွေနဲ့ ကြုံရပြီး စစ်ဆင်ရေးကို အကောင်အထည်ဖော်ကြမလဲ ဆိုတာ ဇာတ်ကွက်ကောင်းကောင်း၊ ဟန်ပါပါသရုပ်ဆောင်ချက်၊ ကျစ်လျစ်တဲ့ဒိုင်ယာလော့ခ်တွေနဲ့ စစ်ပွဲအတွင်း ပါဝင်ကြ နစ်နာကြရသူတွေရဲ့ ခံစားချက်အမြင်ကို ခံစားကြည့်ရှုလိုက်ကြပါဦးခင်ဗျာ File size…(3.6 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:38:00 Genre… Action, Adventure, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khey Ki
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.6 GB | Download | |
| 1080p | 3.6 GB | Download | |
| 1080p | 3.6 GB | Download | |
| 1080p | 3.6 GB | Download | |
| 720p | 1.6 GB | Download | |
| 720p | 1.6 GB | Download | |
| 720p | 1.6 GB | Download | |
| 720p | 1.6 GB | Download | |
| 720p | 1.6 GB | Download |