
ဇာတ်အိမ်ခိုင်ခိုင်နဲ့ အက်ရှင်ကား ကောင်းကောင်းကြည့်ချင်သူတွေအတွက် ၂၀၂၂ ထွက် Intercepter လာပါပြီ။ ဇာတ်လမ်း အကျဉ်းကတော့ အမေရိကန်မှာရှိတဲ့ နျူကလီးယား ဒုံးကျည်တွေကို ခိုးယူပြီး အမေရိကန် နိုင်ငံတစ်ဝက်စာလောက်ကို ဖျက်ဆီးပစ်ဖို့ လူတစ်စု ဗိုလ်ကြီး ကောလင်းစ်ရဲ့ တာဝန်ကျရာ တပ်စခန်းကို ဝင်ရောက် စီနင်းကြတယ်။ သူတို့ စီနင်းကြတဲ့ စခန်းက နျူကလီးယား ဒုံးတွေ ပစ်လွှတ်လာခဲ့ရင် ကြားဝင် ဖြတ်ချပစ်ဖို့ ဒုံးဖျက်လက်နက်တွေကျန်ရှိရာ ရေလယ်က တစ်ခုတည်းသော ရေပေါ်စခန်းကြီးတစ်ခု ဗိုလ်ကြီးကောလင်းစ်တစ်ယောက် အနိုင်ရဖို့ ၂၀ ရာခိုင်နှုန်းတောင် မသေချာတော့ လူဆိုးတွေနဲ့ ပူးပေါင်းမလား ဆက်လက်တိုက်ပွဲဝင်မလား ရင်တမမနဲ့ ကြည့်ရမယ့်ကားပါပဲ။ ဒီဇာတ်လမ်းဟာ သာမာန် အက်ရှင်ကား အများစုနဲ့ ကွဲထွက်နေတဲ့အချက်က social issue ( လူအသိုင်းအဝိုင်းတွင်းက မမျှတမှု) တွေကို ထည့်စဉ်းစားမိအောင် အများကြီး ထည့်ရိုက်ပြသွားပါတယ်။ လက်ယာစွန်းရောက်နေတဲ့ မျိုးချစ် အမေရိကန်တွေရဲ့ ရူးမိုက်မှု၊ အမျိုးသမီးတွေကို နိုင့်ထက်စီးနင်းလုပ်မှု ၊ ရွှေ့ပြောင်းအခြေချလာတဲ့ အမေရိကန်မဟုတ်သူတွေကို ခွဲခြားဆက်ဆံမှု ဒါတွေကို တစ်လွှာချင်း တူးဖော်ပြီး ကြည့်နိုင်ပါတယ်။ သေချာတာကတော့ သဘာဝလွန် လက်တွေ့မဆန်တဲ့ အက်ရှင်မျိုးထက် လူမှု ပြဿနာတွေအကြောင်း တစ်ရစ်ချင်း ပါးပါးလေးထည့်ရိုက်ပြထားတဲ့ကားပါ။ ဒီအက်ရှင်ကားဟာ တစ်ကားလုံး ဇာတ်လမ်းဇာတ်အိမ်မရှိ စွတ်ချချင်ရာချနေတဲ့ အက်ရှင်မျိုးထက် ဒိုင်ယာလေ့ာတွေ အသားပေး မလွတ်တမ်းကြည့်ရတဲ့ အက်ရှင်ကားမျိုးပါ။ ဒီအချက်ကြောင့်ပဲ ဒီကားဟာ ဇာတ်အိမ်ခိုင်တဲ့ တန်းမြင့် အက်ရှင်ကားကောင်းတစ်ခု ဖြစ်လာရတာပါ WEB DL AAC5.12CH / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5GB | Download | |
| 720p | 700MB | Download | |
| 1080p | 1.5GB | Download | |
| 720p | 700MB | Download |