
သူငယ်ချင်းတွေ ပင်လယ်ကမ်းခြေကို ခရီးထွက်လာမယ်၊ ပျော်ပါး ကြမယ်၊ အရာရာ ပျော်စရာအတိ ဖြစ်နေရင်တော့ သေချာပါတယ်၊ အဖျက်သမားတစ်ကောင် ပေါ်လာတော့မှာပါ၊ သူကတော့ အားလုံး သိပြီးသား ကိုရွှေငါးမန်းရယ်ပေါ့၊ ငါးမန်းနဲ့ပတ်သတ်တဲ့ ဇာတ်ကား အများစုက ဒီလိုဖန်တရာတေနေတဲ့ ဇာတ်အိမ်မျိုးတွေ ဖြစ်ပေမယ့် ဒီလိုကားတွေက ရလာတဲ့ သည်းထိပ်ရင်ဖိုတွေ၊ ဇာတ်ကောင်နေရာ ကနေ ကျီးလန့်စာစား ဖြစ်ရပုံတွေ၊ ငါးမန်းရန်က လွတ်နိုင်ပါ့မလား ကိုယ်စားတွေးပူမိတဲ့ စိတ်ခံစားချက်တွေကြောင့်လည်း ဒီနေ့ခေတ် ဒီအချိန်ထိ ငါးမန်းရုပ်ရှင် သည်းခြေကြိုက်ဖန်တွေ ရှိနေဆဲပါ။ အခု ၂၀၂၂ထွက် ငါးမန်းကားသစ်ဟာလည်း အထက်ပါမဲပြာပုဆိုး ဇာတ်အိမ်ပါပဲ၊ သူငယ်ချင်းတွေ ကမ်းခြေကို ခရီးထွက်လာတယ်၊ မူးရူးပျော်ပါးတယ်၊ ရှေ့နောက်မကြည့်ဘဲ စပိဘုတ်တွေနဲ့ ပင်လယ် ထဲ ထွက်လာတယ်၊ ကမ်းနဲ့ အတော်ဝေးဝေးမှာ အက်စီးဒင့်ဖြစ်ပြီး ပင်လယ်ထဲ မဟာဇနက္ကနဲ့ နင်လား ငါလား ဖြစ်သွားတယ်၊ အဲဒီမှာ ဇာတ်လိုက်ကျော် ငါးမန်းဖြူကြီး ရောက်လာတယ်၊ ငါးမန်းရန်က လွတ်အောင် ကြိုးစားကြတယ်ပေါ့။ ဇာတ်လမ်းက ဒါပါပဲ၊ ရိုးရှင်းတယ် ခန့်မှန်းရလွယ်တယ်၊ သင်ခန်းစာ ယူလို့ရတဲ့ ကားမျိုးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူတို့ရဲ့ အသက်ဘေး လွတ်အောင်ကြိုးစားပုံတွေ၊ ရုတ်တရက် Jumpscareလို ပေါ်လာတဲ့ ငါးမန်းပုံစံတွေ၊ ဘယ်သူတွေသေပြီး ဘယ်သူတွေ ဘယ်လိုကြိုးစား ရုန်းကန်ပြီး လွတ်မြောက်လာပုံတွေကပဲ ဒီလို survival thrillerကား တွေရဲ့အသက်မဟုတ်လား၊ ငါးမန်းကားကြိုက်တဲ့သူတွေ၊ ဟဲဗီးတွေ မခံစားချင်တဲ့၊ အတွေးနယ်ချဲ့စရာ မလိုတဲ့ ပေါပေါ ပါးပါး ဝုန်းဒိုင်းကြဲကားတွေမှကြိုက်တယ်ဆိုရင်တော့ ၁နာရီခွဲဆိုတဲ့ ကြာချိန်အတွက် နှမြောတသ၃ကြိမ်ရွတ်စရာမလိုတဲ့ ကားဆိုတာတော့ သေချာပါတယ်။ File size…2.46 GB / 1.23GB Quality…1080p WEB RIP AAC 5.1Ch /720p Format…mp4 Duration….1h 27mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by X Mij
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.46 GB | Download | |
| 720p | 1.23GB | Download | |
| 1080p | 2.46 GB | Download | |
| 720p | 1.23GB | Download |