
ဒီကားလေးကတော့ ၂၀၂၁ မှာ ထွက်ရှိတဲ့ ဆွီဒင် ဥရောပ ဇာတ်ကားလေးပါ။ 1970 မှာ ရိုက်ခဲ့တဲ့ နာမည်တူ ဆွီဒင်ဇာတ်ကားကိုပဲ remake ပြန်ရိုက်ထားတာပါ။ သမိုင်းနောက်ခံ အချက်အလက်မှန်မှန်နဲ့ ရင်ထဲထိအောင် ရိုက်ပြနိုင်တဲ့ ဥရောပ ဒရာမာကား ကောင်းကောင်းကို ကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်ခင် 1840 ဝန်းကျင်တဝိုက် ဆွီဒင်မှာ သီးပင်စားပင်စိုက်ရခက်ပြီး စားနပ်ရိက္ခာရှားပါး ငတ်ပြတ်နေချိန် အော်စကာနဲ့ ခရစ္စတီးနားတို့ လင်မယား ကလေးတွေရှေ့ရေးအတွက် အမေရိကကို လှေနဲ့သွားပြီး ပြောင်းရွှေ့အချေချဖို့ လုပ်ကြတယ်။ အဲ့အချိန်က အမေရိကန်ဟာ နိုင်ငံစတည်ကာစ ဖြစ်ပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့ လွတ်လပ်သောနိုင်ငံ တစ်ခုဖြစ်နေတဲ့အချိန်ပေါ့။ ခင်ပွန်းဖြစ်သူက မိသားစုရှေ့ရေးအတွက် အမေရိကမှာ အခြေချဖို့ မကြောက်ပေမယ့် ခရစ္စတီးနားကတော့ သမားရိုးကျဆန်တဲ့ ဘာသာရေး ကိုးကွယ်သူ ပီပီယဥ်ကျေးမှု မတူတဲ့ အရပ်ဟာ သူ့အတွက်နေပျော်မယ့် အရပ်ဖြစ်ပါ့မလားတွေးရင်း ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကားကို ပြောင်းရွှေ့အခြေချဖိို့ လိုက်ခဲ့တာပေါ။ ဒီကားထဲမှာ ဘာသာရေးအယူဝါဒကွဲပြားမှုကြေင့် ချစ်ခင်ကြသူတွေ သွေးကွဲကြတယ်ဆိုတဲ့ သဘောကို တွေ့ရပါတယ်။ ရှေးရိုးဆန်တဲ့ အယူဝါဒတွေနဲ့ လူကိုလူလိုမြင်တတ်မှု လူသားဆန်မှုတွေကြား ခရစ္စတီးနားတစ်ယောက် လမ်းမှန်ကို ရွေးလျှောက်နိုင်ပါ့မလားဆိုတာကို ရင်ထဲ တနင့်နင့် ခံစားကြည့်ရှုရမှာပါ။ ကိုယ်ချစ်တဲ့ မွေးရပ်မြေနဲ့ ဝေးပြီး ရေခြားမြေခြားမှာ လာအခြေချရတဲ့ အမေတစ်ယောက် ဇနီးမယားတစ်ယောက်ရဲ့ အတွေးလွန်ဆွဲမှု ၊ ခံစားချက်ပုံပြင်လေးကို တေးသီချင်းတစ်ပုဒ်လို အနုပညာမြောက် လှပစွာ သရုပ်ဖော်ထားတဲ့ ဇာတ်ကားတစ်ကောင်းတစ်ခုပါ။ ဥရောပ က တစ်ကားဆိုတစ်ကား အဆင့်ရှိ အနှစ်မိတဲ့ ဇာတ်ကားတွေ ထွက်ထွက်လာတတ်တာမို့ မကြည့်မဖြစ် ကြည့်သင့်တဲ့ ဥရောပ ဒရာမာကားကောင်းပါ File size…2.34Gb / 1GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….2h 28m Subtitle….Myanmar SUbtitle (Hard Sub) Encoder….YK Translated by V
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.34Gb | Download | |
| 720p | 1GB | Download | |
| 1080p | 2.34Gb | Download | |
| 720p | 1GB | Download |