
ဒီဇာတ်ကားလေးကတော့ ထွက်တာအတော်လေးကြာပြီဖြစ်ခဲ့ပေမဲ့ ခုလက်ရှိထိကြည့်လို့ကောင်းနေတဲ့ဇာတ်လမ်းလေးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းပြင်သစ်နိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေကိုလည်း အကဲခတ်ကြည့်ရှုခံစားနိုင်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့ အကြောင်းအရာကတော့ ဇန်နဝါရီ ၁၉၄၂ မှစပြီး ပြင်သစ်ကို ဂျာမန်တွေသိမ်းပိုက်ပြီးချိန်မှာပဲ ဂျုးလူမျိုးတွေကိုသုတ်သင်ရှင်းလင်းတော့တာပဲ။ အဲ့ဒီမှာ ပြင်သစ်မှာနေထိုင်နေတဲ့ MC ဖြစ်သူ Robert Klein ဆိုတဲ့ ပန်းချီရောင်းသူဟာ နိုင်ငံကနေအလောတကြီးထွက်ပြေးမဲ့ ပြင်သစ်ဂျုးလူမျိုးတွေဆီကနေ အနုပညာလက်ရာပစ္စည်းတွေကိုအရောင်းအဝယ်လုပ်ပြီး စီးပွားရေးဖြစ်ထွန်းနေတယ်။ ဒါပေမဲ့ တစ်နေ့မှာ ရဲတွေလိုက်လံဖမ်းဆီးနေတဲ့ဂျုးလူမျိုးဖြစ်သူဟာလည်း Robert Klein ဆိုတဲ့ နာမည်နဲ့ တိမ်းရှောင်နေတယ်။ဒီချိန်မှာပဲ သူဟာ MC(Klein )ရဲ့ အိမ်ကိုဂျုးသတင်းစာတစ်ခုမှာ လိပ်စာနဲ့အတိအကျပို့လိုက်တော့တယ်။ Klein ကလည်း ဒါကိုသံသယဝင်ပြီး ရဲစခန်းကိုချက်ချင်းတိုင်လိုက်ပေမဲ့ သူနဲ့နာမည်တူတွေကများနေတာနဲ့ပဲ ရဲတွေကသူ့ကိုစစ်ဆေးရေးလုပ်တော့တယ်။ဒါကိုသူက သံသယမရှိအောင်ဘယ်လို သက်သေပြမယ်ဆိုတာနဲ့ သူ့ကိုနောက်ကွယ်ကနေအပြစ်လွှဲပုံချသွားတဲ့သူကို လိုက်ရှာရင်း ပြဿနာတွေကို ဘယ်လိုရင်ဆိုင်သွားရမလဲဆိုတဲ့အကြောင်းကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုလိုက်ကြရအောင်။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:03:00 Genre… Crime, Drama, Mystery, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Noah
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 1080p | 2.6 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download |