
ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေအကြောင်း ဗားရှင်းအမျိုးမျိုးနဲ့ ရိုက်ထားတဲ့ အထဲမှာ ဒီကားကတော့ အစောဆုံးတွေထဲက တစ်ကားဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်း ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်ကို သိမ်းပိုက်ခဲ့တဲ့၊ဂျူးခြောက်သန်းကို သုတ်သင်ခဲ့တဲ့ ယနေ့တိုင် နာမည်ဆိုးနဲ့ကျော်ကြားဆဲ အဒေါ့ဟစ်တလာရဲ့ ဘဝနေဝင်ချိန်နောက်ဆုံး ၁၀ ရက်အတွင်းဖြစ်ပျက်ခဲ့သမျှကို တင်ဆက်ထားတာပါ။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဟစ်တလာရဲ့နောက်ဆုံးနေ့ရက်တွေမှာ သူနဲ့အတူဘန်ကာထဲရှိနေခဲ့တဲ့ ဗိုလ်ကြီးဂါးဟတ်ဘိုတ့် ရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာကြောင့် ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးကို သိရှိနိုင်မှာဖြစ်ပါတယ်။ ၁၉၃၉ စပြီးဆင်နွှဲခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးမှာ ဂျာမနီဟာ ဆက်တိုက်အောင်ပွဲရခဲ့ပေမယ့် ၁၉၄၃က စလို့အရေးနိမ့်လာခဲ့ပြီး ၁၉၄၅ မှာတော့ ရုရှားနဲ့ အမေရိကန်ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်မှုနဲ့အတူ ဘာလင်မြို့ကွက်ကွက်လေးသာ ကျန်တော့တဲ့အထိ အခြေအနေဆိုးလာပါတယ်။ ဒီလို ရှုံးနိမ့်မှုတွေနဲ့ အတူ တစ်ချိန်က ဥရောပတိုက်နဲ့ ရုရှားပြည်တစ်ဝက်အောင်နိုင်ခဲ့သူကြီး ဟစ်တလာလည်း ဘာလင်မြို့တစ်နေရာက ဘန်ကာထဲမှာ လက်တစ်ဆုပ်စာလူယုံတွေနဲ့အတူ ပုန်းအောင်းနေရပါတယ်။ ရန်သူဝိုင်းတာခံနေရတဲ့ ဘန်ကာအတွင်းနေ့ရက်တွေမှာ ဟစ်တလာတစ်ယောက် လက်လျော့အရှုံးပေးခဲ့လား၊အခြေအနေကို ပြောင်းနိုင်ဖို့ ဘယ်လို ဆုံးဖြတ်ချက်တွေ ချခဲ့လဲ၊ သူ့ရဲ့သစ္စာရှိ လူယုံတွေကကော နောက်ဆုံးအချိန်ထိ သစ္စာရှိခဲ့ကြလား၊ ဟစ်တလာအနေနဲ့ အရှုံးသမားတစ်ယောက်ရဲ့ခါးသီးမှုရင်ဆိုင်ရင်း သူရဲ့နောက်ဆုံးနေ့ရက်တွေ၊နောက်ဆုံးစကားတွေ ၊နောက်ဆုံးလုပ်ဆောင်မှုတွေ နောက်ဆုံးရွေးချယ်မှုတွေကိုခံစားကြည့်ရမှာပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Drama / History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant