
ဒီရုပ်ရှင်ရဲ့ Genre ကတော့ Sci-Fi Horror ပါ။ ဒီ Genre က ကားတွေက နှယ်နှယ်ရရ ကားတွေတော့ မဟုတ်ပါဘူး။ နာမည်ကျော် Alien Franchise ကြီးဟာ ဒီ Genre က ကားတွေပါပဲ။ World war Z, I am Legend, The Thing, The Mist လိုကားတွေကလည်း ဒီ Genre ထဲပါသေးတယ်။ ပြောရရင်တော့ဗျာ Sci-Fi Horror ကားတွေက လန်းတတ်တယ်ပေါ့။ သူငယ်ချင်း၂ယောက် ကျောင်းပိတ်တဲ့တစ်နွေမှာ မြို့နားက နေရာလေးတစ်ခုကို အလည်သွားကြတယ်။ သွားတုန်းက ၂ယောက်ပေမဲ့ အပြန်မှာတော့ တစ်ယောက်တည်း ပြန်လာနိုင်ခဲ့တယ်။ အဲဒီတော့ ပြန်လာတဲ့တစ်ယောက်ကို ရဲတွေက စစ်လားဆေးလားလုပ်တာပေါ့။ 2016 မှာထွက်ခဲ့တဲ့ Arrival ဇာတ်ကားလိုလို ဘာလိုလိုနဲ့ ဒီရုပ်ရှင်မှာ ကောင်လေးဟာ ပျောက်သွားတဲ့ သူငယ်ချင်းနဲ့ ရဲတွေကြားဗျာများရင်း ဘယ်လို အရာတွေနဲ့ ကြုံတွေ့ရမလဲ အသည်းတထိတ်ထိတ်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါ။ ဇာတ်ကားနာမည်ကိုက အေဒင်သီဝရီလို့ နာမည်အလန်းပေးထားတာမို့ ကမ္ဘာဦးအစက အေဒင်ဥယျာဉ်ကြီးရဲ့ ဘယ်လိုသီဝရီတွေကို ဖော်ထုတ် အဖြေညှိပြမလဲ အသည်းတအေးအေးနဲ့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 860MB Quality - 1080p, 720p IMDb Rating - 4.7/10 Format - mp4 Duration - 1H 47Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y