
The Bunkerဆိုတဲ့ကားလေးကတော့ 2024မှာထွက်ရှိထားတဲ့ horror sci-fi ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးရဲ့အစမှာတော့ ကမ္ဘာတစ်ဝန်းမှာ ဂြိုလ်သား အာကာသယာဥ်များပေါ်လာပြီး လူထုလည်း ရုတ်ရုတ်သဲသဲ ဖြစ်နေပါတယ်။ အမေရိကန်အစိုးရက ကမ္ဘာအနှံ့က အတော်ဆုံးသိပ္ပံပညာရှင် အချို့ကို အဖွဲ့ဖွဲ့ပြီး ဂြိုလ်သားများရန်မှကာကွယ်ဖို့ ဇီဝ လက်နက်တစ်ခုကိုထုတ်လုပ်ရန် အမိန့်ပေးလိုက်ပါတယ်။ Dr. Michelle Riley ဟာလည်း အမိန့်ပေးခံရတဲ့သိပ္ပံ ပညာရှင်များထဲကတစ်ဦးအပါအဝင်ဖြစ်ပြီး သူ့မအဖွဲ့ သားများနဲ့အတူမြေအောက်စခန်းမှာ ပုန်းရင်း ဇီဝလက်နက်ကို သုတေသနပြုလုပ်ကာရှာဖွေပါတော့တယ်။ ဂြိုလ်သားများကလည်း အသိညာဏ်ပညာမြင့်မားတာကြောင့် သိပ္ပံပညာရှင်များစစ်တပ်များရဲ့တည်နေရာကိုစကန်ဖတ်ကာ သူတို့နည်းပညာနဲ့ လူသားဦးနှောက်ထဲဝင်ပြီး ထိန်းချုပ်ကာ ကိုယ့်ကိုယ်ကိုအဆုံးစီရင် စေပါတယ်။ အဲ့လိုအခက်ခဲမျိုးကြားမှာ Dr. Michelle တို့အဖွဲ့က ကျော်ဖြတ်နိုင်မှာလား……… စကန်အဖတ်ခံရပြီးသေဆုံးသွားကြမှာလား………… ဇီဝလက်နက်ကိုတီထွင်နိုင်ပြီးကမ္ဘာကြီးကိုကယ်တင်နိုင်မှာလား ဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှူခံစားနိုင်မှာဖြစ်ပါတယ်။ File size… (1.29 GB) / ( 709 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 32m Genre …..Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo