
မိုက်ကယ်မက်ကော်လေ ဟာ စုံထောက်အလုပ်ကနေအ နားယူပြီးတဲ့နောက် အာမခံလုပ် ငန်း တစ်ခုမှာ အလုပ်ဝင်နေခဲ့ပါ တယ်။ ခရီးဝေးမှာ နေရတာ ကြောင့် အလုပ်တက်၊ အလုပ် ဆင်းကို ရထားနဲ့ပုံမှန်သွားနေသူ ပါ။ တစ်ရက်မှာတော့ ဂျီအန်နာ ဆိုတဲ့ အမျိုးသမီးတစ်ဦးက ရထားပေါ်မှာမိုက်ကယ်ကို လာ မိတ်ဆက်ခဲ့ပါတယ်။ နောက် တော့ စကားပြောဆိုရင်း ရထား ပေါ်မှာ လျှို့ဝှက်လိုက်ပါလာတဲ့ သူတစ်ယောက်ကို နောက်ဆုံးဘူ တာမရောက်မီ ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အကယ်၍ ဖော်ထုတ်နိုင်ခဲ့ ရင် ဒေါ်လာတစ်သိန်းရမယ်ဆို တာကြောင့် အလုပ်အကိုင်လည်း သိပ်အဆင််မပြေတဲ့ မိုက်ကယ် က စိတ်ဝင်စားခဲ့ပြီး လက်ခံခဲ့ပါ တော့တယ်။ အဲဒါနဲ့ ဂျိုဟန်နာ ပြောတဲ့ သဲလွန်စတွေ နဲ့အတူသူ ခိုင်းတာကို ရှာပုံတော် ဖွင့်ခဲ့ပါ တယ်။ ဂျိုဟန်နာရဲ့ ကမ်းလှမ်းချက် ကို အောင်မြင်အောင်လုပ်နိုင်ခဲ့ မယ်ဆိုရင် ရမယ့်ပိုက်ဆံတွေကို လည်း ရှာတွေ့ခဲ့ပေမယ့် တကယ် တမ်း လုပ်ကြည့်တဲ့အခါမှာ လှည့် ကွက်တွေရှိနေတယ်ဆိုတာ ရိပ် မိခဲ့လို့ ရှေ့မဆက်ဖို့ မိုက်ကယ် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဂျိုဟန်နာ ပြောသလို ဆက်မလုပ်ခဲ့ဘူးဆိုရင် သူနဲ့မိိသားစုဝင်တွေရော၊ အခြား ခရီးသည်တွေအတွက်ပါ အန္တ ရာယ်ရှိတဲ့ အနေအထားမို့ မိုက်ကယ်ခမျာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက်အခြေအနေနဲ့ ကြုံခဲ့ရ ပါတော့တယ်။ ဂျိုဟန်နာက ဘယ်လိုရည် ရွယ်ချက်နဲ့ မိုက်ကယ်ကိုစေခိုင်းခဲ့ တာလဲ။ မတိုးသာ၊ မဆုတ်သာအ ခြေအနေမှာ မိုက်ကယ် ဘာတွေ ဆက်လှုပ်ရှားမလဲဆိုတာတော့ ကိုယ်တိုင်ဆက် ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါ တယ်။ ဒီဇတ်ကားမှာ မင်းသားကြီးလီယမ်နီးဆန်က မိုက်ကယ်နေရာကနေ အဓိကဇာတ်ဆောင် အဖြစ် ပါဝင်ထားပြီး ဗီရာဖာမီဂါ၊ ပက်ထရစ်ဝီလ်ဆင်၊ ဂျိုနသန်ဘန့်စ်၊ အဲလိဇဘက် မက်ဂိုဗာန်စတဲ့ သရုပ်ဆောင်တွေ ပါဝင်ပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7daily Website မှကူးယူဖော်ပြသည်) File Size : (899 MB) and (375 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by May Thazin Myint Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |