
ဒီရုပ်ရှင်ကတော့ စာရေးဆရာ ဂျိမ်းစ်ပီတာဆင်ရဲ့ Cross ဝတ္ထုများကို ပြန်လည်ရိုက်ကူးထားတဲ့ Action/Thriller ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဝတ္ထုရဲ့အဓိကဇာတ်လိုက်ကတော့ ဒေါက်တာ Alex Cross ဆိုတဲ့ စိတ်ပညာရှင်နဲ့ ရဲစုံထောက်တစ်ဦးဖြစ်ပြီး ဒီဇာတ်ကောင်ကို Morgan Freeman ကလည်းသရုပ်ဆောင်ဖူးပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Alex Cross က ဇနီးဖြစ်သူ ကိုယ်ဝန်သည် မာရီယာနဲ့အတူ ဒီထရွိုက်မြို့မှာနေပါတယ်။ အဲဒီအချိန်မှာ အက်ဖ်ဘီအိုင်က သူတို့ရဲ့ဝါရှင်တန်ဒီစီကဌာနချုပ်မှာ တာဝန်ထမ်းဆောင်ပေးဖို့ ကမ်းလှမ်းပါတယ်။ လက်ခံသင့်မခံသင့် စဥ်းစားနေချိန်မှာပဲ လူချမ်းသာအမျိုးသမီးတစ်ဦးကို နှိပ်စက်သတ်ဖြတ်သွားတဲ့အမှုတစ်ခုဖြစ်သွားပါတယ်။ လူသတ်သမားဟာ အမျိုးသမီးတင်မက သက်တော်စောင့်တွေကိုပါ တစ်ဦးတည်းသတ်ဖြတ်သွားခဲ့တဲ့အပြင် အခင်းဖြစ်ပွားရာနေရာမှာတင် ပန်းချီတစ်ပုံရေးဆွဲပြီး ထားရစ်ခဲ့ပါသေးတယ်။ ဒီလူသတ်သမားဟာ စိတ္တဇလူသတ်သမားဖြစ်ရုံမက နောက်ထပ်ကွင်းဆက်လူသတ်မှုတွေကိုပါ ထပ်မံကျူးလွန်ဖို့ရှိတယ်ဆိုတာကို Alex Crossသိရှိသွားတဲ့အခါမှာတော့ လူသတ်သမားနဲ့ Alex အကြားအားပြိုင်မှုစတင်ပါတော့တယ်။ လူသတ်သမားက Alex ရဲ့မိသားစုကိုပါ ထိပါးဖို့ကြိုးစားလာတဲ့အချိန်မှာတော့ Alex တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ စနစ်တကျလေ့ကျင့်ထားတဲ့လူသတ်သမားကိုယှဥ်ပြိုင်နိုင်ပါ့မလားဆိုတာကို Action Thriller ဇာတ်ကားပီပီ ရင်တမမနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က Box Office မှာထင်ထားသလောက် ဝင်ငွေမရခဲ့ပေမဲ့ ဝတ္ထုပရိသတ်အချို့ကတော့ အကြိုက်တွေ့ခဲ့ပါတယ်။ ဇာတ်လမ်းမှာ plot twist တစ်ခုလည်းပါဝင်ပြီး Action Thriller နှစ်သက်သူတွေအတွက်တော့ ကြည့်ပျော်စေမဲ့ဇာတ်ကားဖြစ်ပါတယ်။ ဘာသာပြန်သူကတော့ Wolfenheim ဖြစ်ပါတယ်။ File size…(2.3 GB)/(1.1 GB)/(650 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Action, Thriller, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemheim