
ဟောင်းပေမဲ့ရှယ်ကောင်းတဲ့ 2002 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ မှုခင်းစုံထောက် ဇာတ်ကားကောင်းတစ်ကားကို ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Blood Work ဖြစ်ပြီး IMDb Rating 6.4 အထိရရှိထားခဲ့ ပါတယ်။ အရင်ခေတ်အနေအထားနဲ့ အရမ်းကောင်းမွန်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ Plot Twist တွေကိုဟင်ခနဲဟာခနဲ ခဏခဏဖြစ်သွားရအောင် ရှယ်ထည့်ထားတဲ့ပုံစံတွေ ကလည်းဆရာကျလွန်းလှပါတယ်။ဒါကြောင့် မှုခင်းစုံထောက် ဇာတ်ကားကောင်းတွေကြိုက်နှစ်သက်တဲ့ ဒီကားကိုမကြည့်ဖူး သေးတဲ့သူတွေဆိုရင်တော့ကြည့်ဖြစ်အောင်ကြည့်ဖို့ Recommend ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ စကားဝှက်လူသတ်သမားလို့ခေါ်တဲ့ လူသတ်သမားက မြို့တခွင်ပြဲပြဲစင်အောင် လူတွေရှယ် လိုက်သတ်ပြီး နာမည်ကြီးနေရာကနေစပါတယ်။ဘာလို့ သူ့ကို စကားဝှက် လူသတ်သမားလို့ခေါ်ရလဲ ဆိုရင်တော့ သူက လူသတ်ပြီးတိုင်း နံပါတ်တွေ ဂဏန်းတွေနဲ့ စကားဝှက်တွေ ချန်ချန်ထားခဲ့လို့ပါပဲ။အဲ့လိုချန်ခဲ့တာ ကလည်း လူတိုင်းအတွက်ရည်ရွယ်ပြီး ချန်ထားခဲ့တာ မဟုတ်ပါဘူး။ မက်ကေးလက်ဆိုတဲ့ နာမည်ကြီးစုံထောက် ဆရာကြီးအတွက်ပဲ ရည်ရွယ်ပြီးချန်ထားခဲ့တဲ့စာတွေ ဖြစ်ပါတယ်။ဒီလိုနဲ့ တစ်နေ့မှာ သူတို့နှစ်ယောက်ထိပ်တိုက် တွေ့ကြပြီး ပစ်ခတ်မှုတွေဖြစ်လိုက်ကြတာ စုံထောက်ကြီး မက်ကေးလက် နှလုံးထိပြီး သေမတတ်ဖြစ်သွားပါတော့ တယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ပဲ ၂ နှစ်ကြာပြီးနောက်မှာ နှလုံးအစားထိုးဖို့ အလှူရှင်ပေါ်လာတဲ့အတွက် စုံထောက်ကြီး မက်ကေးလက် အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။ စကားဝှက် လူသတ်သမားကလည်း သူ့ကျည်ဆန်လက်ချက်နဲ့ ကြွသွားလားတော့မသိပေမဲ့ အဲ့ဒီ ၂ နှစ်အတောအတွင်းမှာတော့ စကားဝှက် လူသတ်သမားအကြောင်းတွေက လုံး၀တိတ်ဆိတ် သွားခဲ့ပါတယ်။မက်ကေးလက်လည်း အဲ့ဒီအဖြစ်အပျက်ကြောင့် အငြိမ်းစားယူခဲ့ပြီး ရေထဲကသူ့ရဲ့ လှေအိမ်လေးထဲပြန်နေနေတဲ့ အချိန်မှာ သူ့ဆီကို နှလုံးအလှူရှင်ရဲ့ အစ်မရောက်ချလာပါတော့ တယ်။အကြောင်းအရင်းကတော့ နှလုံးလှူပေးခဲ့တဲ့သူ့ညီမက ရိုးရိုးတန်းတန်းသေဆုံးခဲ့တာမဟုတ်ဘဲ အသတ်ခံခဲ့ရလို့ပဲ ဖြစ်ပါတယ်။အဲ့ဒါကြောင့် သူ့ညီမနှလုံးကိုအစားထိုးထားတဲ့ နာမည်ကြီး စုံထောက်ကြီးဆီမှာ အဲ့ဒီအမှုကိုဖော်ထုတ်ပေးဖို့ အကူအညီလာ တောင်းတာပဲဖြစ်ပါတယ်။ဒီလိုနဲ့ အငြိမ်းစား ယူထားတဲ့ စုံထောက်ကြီးလည်း သူ့နှလုံးအလှူရှင်ရဲ့သေဆုံး မှုကို ပြန်လည်ဖော်ထုတ်ဖို့အကြောင်းဖန်လာပြီး လိုက်လံစုံစမ်း ရာမှာတော့ ဘယ်လိုလျှို့ဝှက်နက်နဲပြီး စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အမှန်တရားတွေကို တွေ့လာရမလဲဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.69GB / 828MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay