
ဒီဇာတ်ကားကတော့ 2022 မှာ အသစ်ထွက်ရှိလာပြီး IMDb 5.7 ရရှိထားတဲ့ animation ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ပင်လယ်ကျွန်းမျောပေါ်မှာ တည်ရှိတဲ့ ဂူလာကျွန်းကြီးဟာ ဆိုရင်တော့ဖြင့် သက်ရှိသတ္တဝါတို့ရဲ့ အားထားမှီခိုရာဗိမ္မာန် လေးတစ်ခုပေါ့။ သီးစုံပန်းမန်တွေနဲ့ ပျော်စရာအတိပြည့်နေတဲ့ ဂူလာကျွန်းကြီးက တစ်နေ့မှာတော့ ပင်လယ်ရေအောက်ထဲကို စုံးစုံးနစ်မြုပ်ဖို့ရာ အကြောင်းဖန်လာပါတော့တယ်။ အဲ့ဒီကျွန်းကို ကယ်တင်ဖို့အတွက် အပျော်အပါးနဲ့ မိန်းကလေး ကိစ္စကလွဲရင် ကျန်တာစိတ်မဝင်စားတဲ့ ဖီးနတ် ဆိုတဲ့ မျောက်တစ်ကောင်အား ဂူလာကျွန်းကိုကယ်တင်ဖို့ တာဝန် ပေးအပ်လိုက်တဲ့အခါမှာတော့။ ဖီးနတ်က သူ့တာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်ပါ့မလား၊ ဖီးနတ်ရဲ့ကောင်းမှုကြောင့် ကယ်ဆယ်ရေးအဖွဲ့ထဲ ပါသွားရရှာတဲ့ ဘဝမှာ အစားအသောက်သည်သာ နံပါတ်တစ်ဆိုတဲ့ ဝက်ကလေး ပစ်ဂ် ကရော ဒီခရီးစဉ်မှာ ဘယ်လိုတွေ ကြံစည်ဦးမလဲ။ ဂူလာကျွန်းကြီး နစ်မြုပ်ရတဲ့ အဓိကတရားခံကရော ဘာကြောင့် ဖြစ်နိုင်မလဲ စတဲ့ သို့လောသို့လော မေးခွန်းပေါင်းများစွာနဲ့ စိတ်ဝင်တစားကြည့်ရှု့နိုင်မယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ယူတတ်ရင်ပညာ ဆိုသလို စော်ကြည်ဘဲလေး ဖီးနတ်ရဲ့ ကောင်မလေးတွေကို ချုပ်နည်း၊ ကြူနည်းကျမ်းများကိုလည်း တွေ့ရှိ ရဦးမှာမို့ ဇာတ်လမ်းကြည့်ရင်း လေ့လာသင်ယူနိုင်ပါကြောင်း ထပ်လောင်းပြောလိုက်ပါရစေဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size - (1.58 GB) / (853 MB) Quality – Web-Rip 1080p/ 720p Duration - 1Hr 15mins Subtitle – Myanmar Hardsub Format – MP4 Genre : Animation, Adventure Translator – May Thet Khine Soe Encoder – SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.58 GB | Download | |
| 720p | 853 MB | Download |
ထုတ်လွှင့်သည့်နေ့
April 4, 2022
ကြာချိန်
1h 15m
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Karl Toerge