
One Piece Film: Strong World (2009) ——————————————— MyAnimeList – 8/10, IMDb rating – 7.4/10 ဒီတစ်ခါမှာတော့ တစ်ပိုင်းပြီး တစ်ပိုင်းအဖွဲ့တောင့်လာတဲ့ Luffy တို့ အုပ်စုရဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ 2009 ခုနှစ်က ထွက်ခဲ့တဲ့ 10 ကားမြောက် One Piece Film ဖြစ်ပြီး ကျွန်တော်ကြည့်ဖူးသမျှထဲမှာ အကြိုက်ဆုံးလို့ ပြောရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ Luffy တို့အုပ်စုဟာ သင်္ဘောတစ်စီးနဲ့ ပင်လယ်ပြင်မှာ စွန့်စားခန်းဖွင့်နေကြရင်း မိုးပေါ်မှာ လွင့်နေတဲ့ ကျွန်းသင်္ဘောကြီးတစ်ခုကို မြင်လိုက်ရပါတယ်။ အဲဒီအချိန်မှာပဲ ရေကြောင်းထိန်းဖြစ်တဲ့ အလှလေး Nami San က ဆိုင်ကလုန်းမုန်တိုင်းလာတော့မယ်ဆိုတာကို ခန့်မှန်းမိပြီး သူတော်ကောင်း Luffy ကတော့ အဲဒီအကြောင်းကို အပေါ်က ကျွန်းသင်္ဘောပေါ်က လူတွေဆီကို သတင်းလှမ်းပေးလိုက်ပါရော။ တကယ်တော့ အဲဒီကျွန်းသင်္ဘောပေါ်ကလူဟာ တစ်ခြားလူမဟုတ်ဘဲ သူတို့ရဲ့ မွေးရပ်မြေဖြစ်တဲ့ East Blue ကို ဖျက်ဆီးပစ်ချင်နေတဲ့ ရွှေရောင် ခြင်္သေ့ကြီး Shiki ဖြစ်နေခဲ့တာပါ။ အဲဒီလိုနဲ့ Shiki ဟာ ရာသီဥတု ခန့်မှန်းရာမှာတော်တဲ့ Nami San ကို အပိုင်လိုချင်သွားပြီး Luffy တို့အုပ်စုကို ကျေးဇူးတင်သလိုလိုနဲ့ East Blue ကို ပြန်ပို့ပေးမယ်လို့ အားလုံးကို လှည့်စားပြီး အလှလေးကို ဖမ်းထားလိုက်ပါတော့တယ်။ တစ်ဖက်မှာလည်း သင်္ဘောပေါ်ကနေ ပြုတ်ကျပြီး တစ်ကွဲတစ်ပြား ဖြစ်နေခဲ့ကြတဲ့ Luffy တို့ဟာ ထူးဆန်းတဲ့ ကျွန်းကြီးတစ်ကျွန်းပေါ်ကို ရောက်သွားတာပေါ့။ အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေရော တစ်ချို့အရာတွေကပါ အရမ်းထူးဆန်းပြီး အရမ်းရန်လိုနေတာကို တွေ့ခဲ့ရတဲ့အခါ….. အဲဒီကျွန်းပေါ်က တိရစ္ဆာန်တွေက ဘာလို့ ထူးဆန်းပြီး အရမ်းရန်လိုနေကြတာလဲ၊ Shiki ကရော ဘာတွေကြံစည်နေတာလဲ၊ Nami San ကိုရော Luffy တို့ ပြန်ကယ်နိုင်ပါ့မလား၊ East Blue ကိုရော Shiki က ဖျက်ဆီးနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ရှူစားရမှာပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း Luffy တို့အုပ်စုကြားက စခွီတွေ၊ သူငယ်ချင်း သံယောဇဉ်တွေ၊ နောက်ပြီး ဇာတ်ကောင်တွေရဲ့ တိုက်ခိုက်ပုံ Animation effect အမိုက်စားတွေလည်း ပါဝင်တော့ ကြည့်ရှူရတာ တကယ်ကိုတန်တယ်လို့ ပြောရမှာပါပဲ။ ဒါကြောင့် လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ဖြစ်ပါတယ်) File size… 2.4 GB / 1.1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 53m Genre ….. Animation, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by ttmuswe
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 1080p | 2.4 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |