
"အတိတ်ကို ပြန်လည်သွားနိုင်ပေမဲ့ အတိတ်ကဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ပြင်ဆင်နိုင်ပါ့မလား" အရာအားလုံးရဲ့ ဇာတ်လမ်းဖြစ်တည်မှု အစက "၂၀၀၉" ခုနှစ်...! အသက် ၂၈ နှစ်အရွယ်လီဇီဝေဟာ အအေးအဖျော်ဆိုင်လေးတစ်ခုမှာ အလုပ်လုပ်တဲ့ အသက် ၁၇ နှစ်အရွယ် ဟွမ်ယွီရွှမ်း နဲ့တွေ့ဆုံခဲ့ပါတယ် ။ တွေ့ဆုံတဲ့ အချိန်မှာလဲ တစ်ဦး နဲ့ တစ်ဦးဟာ ဟိုးအရင်ကတည်းက သိကျွမ်းခဲ့ဖူးတယ်ဆိုတဲ့ ခံစားချက်က ထူးဆန်းစွာနဲ့ ရလို့နေပါတယ် ။ ဒီလိုနဲ့ပဲ နှစ်ဦးသား ဆက်ဆံရေးတွေဟာ ကောင်းမွန်လာခဲ့ပြီး ၂၀၁၀ ခုနှစ်ရဲ့ နောက်ဆုံးရက် နှစ်သစ်ကူးညလေးမှာ သူတို့ရဲ့ချစ်ခြင်းခရီးစဥ်ကို စတင်ခဲ့ပါတော့တယ် ။ ဒီလိုနဲ့ အရာအားလုံး အဆင်ပြေချောမွေ့ခဲ့ပြီး ၂၀၁၇ ခုနှစ်အရောက်မှာတော့ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လို့ လာခဲ့ပါတယ် ။ ဟွမ်ယွီရွှမ်းတစ်ယောက် လက်ရှိပစ္စုပန်က ချစ်ရသူ လီဇီဝေကို ဆုံ းရှုံးလိုက်ရပြီးတဲ့နောက် ထူးဆန်းစွာနဲ့ပဲ သူမဟာ အတိတ်ကို ပြောင်းလဲနိုင်ဖို့ အခွင့်အရေးကြုံလာတဲ့အခါမှာ...? ❏ လီဇီဝေကို ကယ်တင်ဖို့ အတိတ်ကိုတစ်ဖန်ပြန်ရောက်သွားပေမဲ့ ❏ အနာဂတ် နဲ့ အတိတ် ကြားက ရောယှက်ရိုက်ခတ်မှုဒဏ်တွေ ကြုံတွေလာရတဲ့အခါမှာတော့ ဟွမ်ယွီရွှမ်းတစ်ယောက် ဘယ်လိုရင်ဆိုင်မှာလဲ? ❏ အတိတ်ဆိုးကြီးကိုရော သူမပြန်လည်ပြင်ဆင်နိုင်ပါ့မလား ? ❏ ပစ္စုပန် အနာဂတ် နဲ့ အတိတ်ကြားမှာ ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်ရဦးမလဲ ? သူမကိုယ်တိုင်ကရော သူမချစ်ရသူနဲ့ ပေါင်းစပ်နိုင်ပါ့မလား ? ဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရှုရင်း အဖြေရှာလိုက်ရအောင်ပါနော် ။ (Reviewed By Chit Mya Mya Hmwe) Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Romance , Science-Fiction Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.2 GB | Download | |
| 1080p | 1.2 GB | Download | |
| 480p | 631 MB | Download |
ထုတ်လွှင့်သည့်နေ့
December 24, 2022
ကြာချိန်
1h 47m
အဆင့်သတ်မှတ်ချက်
5.5 / 10
Director
Tien Jen Huang