
Winter’s Tale (2014) IMDb Rating (6.1) စာရေးဆရာကြီး Mark Helprin ရဲ့1983 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Winter’s Tale ဝတ္တုကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားတာပါ။ မင်းသားကြီး Will Smith, Colin Farrell, Russell Crowe တို့အပြင် မင်းသမီး Jessica Brown Findlay နဲ့ Jennifer Connelly တို့ပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပီတာ လိတ်ခ်ဆိုတဲ့ မိဘမဲ့ ပါရမီရှင်သူခိုးက သူ့ရဲ့ သူဌေးဟောင်း ပါလီ ဆုမ်းစ်နဲ့ ပြဿနာတက်ပြီး နယူးယော့ခ်မြို့ကနေထွက်မသွားခင် နောက်ဆုံးအနေနဲ့ အိမ်ကြီးတစ်အိမ်ကို ဝင်ခိုးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အိမ်ပိုင်ရှင်ကြီးရဲ့ သမီးဖြစ်သူ ဘီဗာလီရဲ့ စန္ဒရားလက်သံကိုနားထောင်ရင်း ချစ်မိသွားခဲ့ပါတယ်။ ဘီဗာလီကတော့ အဆုတ်ရောဂါသည်ဖြစ်ပြီး အချိန်သိပ်မကျန်တော့ဘူးဆိုပြီး ဆရာဝန်တွေက ပြောထားကြတာပါ။ ဒါပေမဲ့လည်း ပါလီ ဆုမ်းစ်ရဲ့ နှောက်ယှက်မှုကနေ ဘီဗာလီနဲ့ ပီတာတို့ ချစ်မိသွားခဲ့ကြပြီး ဘယ်လိုမှော်ဆန်တဲ့ ချစ်ခြင်းမျိုးတွေဖြစ်လာမလဲဆိုတာ….။