
ဇာတ်လမ်းကိုပုံပြင်တစ်ပုဒ်နဲ့စဖွင့်ထားပါတယ်။ တောအုပ်တစ်အုပ်ထဲမှာ ပါရူမာဒန်ဆိုတဲ့ခရီးသွားတွေကိုလမ်းလွဲအောင်ဖမ်းစားတတ်တဲ့ တစ္ဆေတစ်ကောင်သောင်းကျန်းလို့နေပါတယ်။(ဒီမှာဆို-မွေ့ကောင်ဆိုတာမျိုးပါးစပ်ပြောဒဏ္ဍာရီတွေရှိပါတယ်) အဲ့ဒီတစ္ဆေကိုနှိမ်နင်းဖို့ဆုံးဖြတ်ချက်နဲ့ ဘုန်းကြီးတစ်ပါးဟာ ခြင်းတစ်ခြင်းကိုခေါင်းပေါ်ရွက်ပြီးတောထဲဝင်ခဲ့ပါတယ်။ ဘုန်းကြီးဟာ အကြာကြီးလမ်းလျှောက်လာပြီးတဲ့နောက် လမ်းပေါ်မှာတွေ့တဲ့ဘောလုံးတစ်လုံးကိုကလေးတွေကစားဖို့ရည်ရွယ်ချက်နဲ့ ခြင်းထဲကောက်ထည့်လာပါတယ်။အချိန်တွေကြာလာတော့ ခြင်းတောင်းထဲက ရုတ်တရက်လှုပ်ရှားလာပြီး စကားသံထွက်လာပါတယ်။ သူကောက်ထည့်လာတာဟာ လုံးပြီးနေနေတဲ့ ပုရွက်စားကောင်တစ်ကောင်ဖြစ်နေလို့ပါ။ စကားပြောတတ်တဲ့ ပုရွက်စားကောင်ကို သဘောကျသွားတဲ့ ဘုန်းကြီးဟာ အဲ့ဒီအကောင်ညွှန်တဲ့လမ်းအတိုင်းသွားရင်းနဲ့ သူကိုယ်တိုင်လမ်းပျောက်သွားပါတော့တယ်။ သူ အသိနောက်ကျခဲ့တာက သူကောက်ထည့်ခဲ့တဲ့ ဘောလုံးဟာ အဲ့ဒီ တစ္ဆေကိုယ်တိုင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။ အန်တိုနီနဲ့ ရှာဂျီဗန်တို့ဟာ ဝေးလံခေါင်ဖျားတဲ့ရွာတစ်ရွာက ဝရမ်းပြေးလူဆိုးတစ်ယောက်ကိုလက်ရဖမ်းဖို့ရည်ရွယ်ချက်နဲ့ အလုပ်ကြမ်းသမားတွေအဖြစ်အသွင်ယူရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီလူကို နာမည်တစ်ခုကလွဲလို့ မသိဖူး မမြင်ဖူးကြတဲ့အပြင် ဓာတ်ပုံလေးတစ်ခုတောင်ရှိမနေပါဘူး။ အဲ့ဒီ ရွာကိုသွားဖို့လဲဂျစ်ကားတစ်စီးသာခရီးကြုံရှိလု့ိမေးစမ်းပြီး တက်လိုက်လာခဲ့ကြပါတယ်။ ခရီးဖော်ရွာသားတွေနဲ့တွေ့လို့စကားစမြည်ပြောကြည့်တဲ့အခါ စကားပြောချိုသာယဉ်ကျေးပြီး ရိုးသားကြတယ်လို့တောင် သူတို့ မှတ်ချက်ပြုမိခဲ့ပါသေးတယ်။ နက်ရှိုင်းတဲ့တောအထပ်ထပ် အကွေ့အကောက်လမ်းတွေနဲ့ တောင်အသွယ်သွယ်ကိုဖြတ်ကျော်အပြီး ချောက်ကမ်းပါးကြီးတစ်ခုပေါ်မှာ ခနော်နီခနော်နဲ့ တံတားတစ်ခုရှိနေပါတယ်။ ဂျစ်ကားနဲ့လူတွေရဲ့ဝိတ်နဲ့ ဘယ်လိုမှဖြတ်မောင်းဖို့ မဖြစ်နိုင်တဲ့အတွက် လူတွေကလမ်းဆင်းလျှောက်ပြီး ကားကိုထိန်းဖြတ်မောင်းရင်း ဟိုဘက်အရောက်မှာ ဇာတ်လမ်းကစပါတယ်။ စောစောကအထိ အင်မတန်ချိုသာယဉ်ကျေးတဲ့ နယ်ခံရွာသားတွေဟာ စကားအခွန်းတိုင်းအခွန်းတိုင်းမှာ အဆဲစကားမပါမပြီးတဲ့ အလွန်ရိုင်းစိုင်းခက်ထန်စရိုက်ကြမ်းတဲ့သူတွေအဖြစ်ပြောင်းလဲသွားတော့တာပါပဲ။ ဒါပေမယ့် ပိုပြီးဆန်းကြယ်နက်နဲတဲ့ ပဟေဠိနဲ့လျှို့ဝှက်ချက်တွေက သူတို့ကိုရှေ့မှာစောင့်ကြိုနေပါသေးတယ်။ Churili ဟာ မလေယလမ်စကားဖြစ်ပြီး ဝင်္ကပါလို့အဓိပ္ပါယ်ရပါတယ်။ Independent ဘက်ကိုအားသန်ပုံရတဲ့ ဒါရိုက်တာ Lijo Jose Pellissery ရဲ့လက်ရာအသစ်ဖြစ်ပြီး ဒီကားရဲ့ ဇာတ်လမ်းသွားတင်ဆက်ပုံတွေကလဲ mainstream ရုပ်ရှင်တွေကနေ သိသိသာသာကွဲထွက်နေပါတယ်။ ဂြိုလ်သားတွေ၊ အချိန်နဲ့နေရာတွေ၊ Time loop လိုကိစ္စမျိုးတွေနဲ့ ခေါင်းရှုပ်ခံငြင်းခုန်တဲ့သူတွေက ငြင်းခုန်နေကြသလို တစ်ချို့တွေကလဲ ဇာတ်လမ်းရှင်းရှင်းလေးလို့ဆိုတဲ့သူကဆိုပါတယ်။ ကိုယ်တိုင်ကြည့်ပြီးဆုံးဖြတ်ကြပါ။ 25th IFFK ရုပ်ရှင်ပွဲတော်မှာ Silver Peacock ဆုနဲ့ Special Mention for Best Direction ဆုတွေရရှိထားသလို၊ 15th Asian Film Awards မှာလဲ Best Art Director နဲ့Best Sound ဆန်ကာတင်ဝင်ထားပါတယ်၊ တကယ်လဲ Cinematography နဲ့ Sound design မှာအတော်ကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ တောအုပ်ထဲက တိတ်ဆိတ်လွန်းရာကနေ တစ်စီစီမြည်လာတဲ့အသံမျိုးကိုခြောက်ခြားစရာဖြစ်အောင် ဖန်တီးသွားတဲ့နေရာတွေဆို တကယ့်ကိုချီးကျူးချင်စရာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။) File size…(1.4 GB) Quality…WEB-DL 1080p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alias
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download |
ထုတ်လွှင့်သည့်နေ့
February 12, 2021
ကြာချိန်
1h 54m
အဆင့်သတ်မှတ်ချက်
7.3 / 10
Director
Lijo Jose Pellissery