
သိပ်မဝေးတော့တဲ့ အနာဂတ်မှာ မျိုးရိုးဗီဇမြှင့်တင်ပြောင်းလဲမှုတွေ လုပ်နိုင်လာပါပြီ။ လူတိုင်းဟာ အားနည်းချက်မရှိ ခြောက်ပစ်ကင်း သလဲစင်ဖြစ်လာကြတဲ့ခေတ်ပေါ့။ ဒါကြောင့် သဘာဝအတိုင်း မိခင်က ကိုယ်ဝန်ဆောင်ပြီး မွေးတာက မရှိသလောက်နည်းလာပါတယ်။ သဘာဝအတိုင်းမွေးလာတဲ့သူတွေကိုတော့ 'စံချိန်မမှီ' သူတွေလို့ခေါ်ပြီး သူတို့ရဲ့ပြီးပြည့်စုံမှုမရှိတဲ့ မျိုးဗီဇတွေကြောင့်နေရာတိုင်းမှာ ခွဲခြားဆက်ဆံခံနေကြရပါတယ်။ ဒီကားရဲ့ ဇာတ်လိုက်ကျော် Vincent ဟာ အာကာသယာဥ်မှူးလုပ်ပြီး အာကာသထဲခရီးသွားနိုင်ဖို့ အမြဲစိတ်ကူးယဥ်ခဲ့တဲ့သူ တစ်ယောက်ပေါ့။ ဒါပေမဲ့ သူက 'စံချိန်မမှီ' တစ်ယောက်ဖြစ်တာကြောင့် အာကာသထဲသွားမဲ့ ဘယ်ပရိုဂရမ်ကမှ သူ့ကို အလုပ်မခန့်ကြပါဘူး။ အဲဒါနဲ့ Vincent ဟာ ဗီဇမြှင့်တင်ပြီး မွေးလာတဲ့ Jerome Morrow ဆိုသူရဲ့ မျိုးရိုးဗီဇအချက်အလက်တွေကို တရားမဝင် ဝယ်ယူပြီး သူ့ကံကြမ္မာကို ပြောင်းပြန်လှန်ဖို့ ကြိုးစားပါတော့တယ် အဲဒီအာကာသပရိုဂရမ်က အကြီးအကဲ ဒါရိုက်တာတစ်ဦး အသတ်ခံရတဲ့အမှုကြောင့် Vincent ရဲ့ အစီအစဥ်တွေ ရှုပ်ထွေးကုန်တဲ့အခါ... Vincent အဖြစ် Ethan Hawke Jerome အဖြစ် Jude Law Vincent ရဲ့ love interest, Irene အဖြစ် Kill bill မှ Uma Thurman တို့ပါဝင်သရုပ်ဆောင်ထားကြပြီး Director Andrew Niccol ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပါတယ် ဒီကားဟာ Stranger things က Maya Hawke (Robin) ရဲ့ မိဘတွေဖြစ်တဲ့ Ethan Hawke နဲ့ Uma Thurman တို့ စတွေ့ခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ဒီရုပ်ရှင်ရဲ့ concept က ရုံတင်တဲ့အချိန်တုန်းကထက် ခေတ်ရှေ့ရောက်နေတာကြောင့် ရသင့်တဲ့ အားပေးမှု၊ အသိအမှတ်ပြုခံရမှုတွေကို သေချာမရခဲ့ပါဘူး။ ဒါပေမဲ့ ခုချိန်မှာတော့ Gattaca ဟာ 90’s နှစ်တွေရဲ့ အကောင်းမွန်ဆုံး under-rated gem တွေထဲက တစ်ကားအနေနဲ့ သတ်မှတ်ခံထားရပါပြီ။ အချိန်ရဲ့ တိုက်စားမှုဒဏ်ခံနိုင်သော၊ တစ်မူထူးခြားသော၊ တစ်ချိန်တည်းမှာပဲ လူ့အဖွဲ့အစည်းရဲ့ ဆိုးပြစ်တွေကို သရော်နိုင်သော ရုပ်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားပြီးသွားတဲ့အခါ သင့်ကို တွေးစရာတစ်ခုပေးနိုင်ခဲ့တဲ့ ဇာတ်ကားမျိုးကိုမှ သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်အစစ်လို့ ခေါ်နိုင်ပါတယ်တဲ့။ ဒီဇာတ်ကားက ပေးချင်တဲ့မက်ဆေ့ခ်ျကရော ဘာဖြစ်မလဲ။ cast တွေကလည်း သရုပ်ဆောင်လည်းကောင်း နာမည်လည်းကြီးပြီးသားတွေဆိုတော့ စိတ်ပျက်စရာမရှိလို့ ကြည့်ရှုခံစားအားပေးကြပါဦးရှင် File size…(2.86GB) / (1.38GB) / (708MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:46:00 Genre...Drama / Sci-fi / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.78GB | Download | |
| 720p | 869.78MB | Download | |
| 1080p | 1.78GB | Download | |
| 720p | 869.78MB | Download |
ထုတ်လွှင့်သည့်နေ့
September 7, 1997
ကြာချိန်
1h 46m
အဆင့်သတ်မှတ်ချက်
7.5 / 10
Director
Andrew Niccol