
ဒီစကြ၀ဠာကြီးထဲမှာ သက်ရှိဆိုလို့ ကျွန်တော်တို့ လူသားတွေပဲ ရှိနေတယ်လို့ ယုံကြည်နေကြတဲ့ လူတွေရှိသလို တခြားဂြိုလ်က ဂြိုလ်သားတွေလိုမျိုး သက်ရှိတွေလည်း ရှိနေဦးမယ်ဆိုပြီး ယုံကြည်တဲ့ လူတွေအများကြီး ရှိနေပါတယ်။အဲ့ဒါကတော့ ၂၀၂၄ ခုနှစ်အထိ ရောက်လာခဲ့တာတောင် အဖြေမပေါ်သေးတဲ့ ငြင်းခုံစရာ ကိစ္စရပ်တစ်ခု ဖြစ်နေတုန်းပါပဲ။သေချာရေရာတဲ့ အဖြေတွေ မထုတ်နိုင်သေးသလို ဂြိုလ်သားတွေနဲ့ ပတ်သတ်ပြီး ကြားခဲ့ဖူးတဲ့ ဟိုသတင်းဒီသတင်းတွေလည်း ရှိပါသေးတယ်။ အဖြေမထုတ်နိုင်ရသေးတဲ့ အဓိကအကြောင်းပြချက်တွေထဲမှာ အစိုးရတွေက အဲ့လိုသတင်းတွေ ထွက်လာရင်ချက်ချင်းဖုံးဖိ တတ်တာမျိုးကလည်း အဓိကဖြစ်နေပါတယ်။အခုတင်ဆက် ပေးမဲ့ဇာတ်ကားကတော့ ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ လောက်မှာချီကာဂိုအိုဟဲလေဆိပ်အပေါ်မှာ UFO(ပန်းကန်ပြားပျံ)တွေ့ခဲ့ရတယ်လို့ဆိုတဲ့အဖြစ်အပျက် အကြောင်းကိုအသေးစိတ်ပြန်လည် ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ UFO ပဲဖြစ်ပြီး IMDb Rating 6.2 အထိရရှိထားပါတယ်။ ဒဲရက်ဆိုတဲ့ တက္ကသိုလ်က သင်္ချာကြောင် ကျောင်းသား တစ်ယောက်က တစ်နေ့မှာတော့ အထက်မှာပြောခဲ့တဲ့ UFO တွေ့ရှိခဲ့တယ်ဆိုတဲ့ သတင်းကိုကြားခဲ့ပြီး ကျောင်းစာတွေကို ပစ်ကာ အဲ့ဒီအကြောင်းကို လိုက်လံစုံစမ်းပါတော့တယ်။ အစိုးရကတော့ အဲ့ဒီတွေ့ရှိခဲ့ရတဲ့အရာက ဒရုန်းတို့ လေယာဉ်ပျံ တို့လို့ပြောပြီး လိုက်ဖုံးဖိနေသလောက် သူကတော့သူ့ရဲ့သင်္ချာ ဉာဏ်ကြီးရှင်ဦးနှောက်နဲ့ လိုက်လိုက်ဖော်နေတော့တာပါပဲ။ ကျောင်းစာတွေအပြင် ကောင်မလေးနဲ့ သူငယ်ချင်းတို့ကို ပါပစ်ထားပြီး နေ့မအိပ်ညမအိပ်ကြိုးစားခဲ့တဲ့ ရလာဒ်တွေက သူလိုချင်တဲ့အတိုင်း ဖြစ်လာပါ့မလား နောက်ဆုံးမှာအဲ့ဒီ UFO ဆိုတာကြီးက တကယ်ရှိလားဆိုတာကို အဖြေရှာသွားနိုင်ပါ့ မလားဆိုတာကို ခက်ခဲနက်နဲတဲ့ သင်္ချာတွေရူပဗေဒသဘော တရားတွေကိုသုံးပြီး အဖြေရှာသွားပုံတွေကို ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…947MB / 402MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 28m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 947MB | Download | |
| 1080p | 947MB | Download | |
| 1080p | 947MB | Download | |
| 720p | 402MB | Download | |
| 720p | 402MB | Download | |
| 720p | 402MB | Download | |
| 720p | 402MB | Download | |
| 720p | 402MB | Download |
ထုတ်လွှင့်သည့်နေ့
September 4, 2018
ကြာချိန်
1h 28m
အဆင့်သတ်မှတ်ချက်
6.2 / 10
Director
Ryan Eslinger