
Liam Neeson နဲ့ Andrew Garfield ပါဝင်တဲ့ ဒီဇာတ်ကားလေးဟာဆိုရင် မိမိတို့ဘာသာ တရားအတွက် မိမိရဲ့ ယုံကြည်မှု့အတွက် အသက် ကိုစွန့်လွှတ် ခဲ့တဲ့ ခရစ်ယာန် ဘာသာဝင်တွေ နဲ့ ခရစ်ယာန် ဘုန်းတော် ကြီးတွေ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ Rating 7.2 ရရှိထားတဲ့ ဒီဇာတ်ကားလေး ဟာဆိုရင် ကြည့်ရတာ တော်တော့်ကိုကောင်းမွန် တဲ့ ဇာတ်ကားလေးပါ။ ဒီဇာတ်ကားထဲမှာ တော်တော် ကို အော့နှလုံးနာစရာ အခန်းတွေ ပါဝင်ပေမဲ့ ရက်စက်ကြမ်းကြုတ်တက်တဲ့ လူသားတွေရဲ့ သဘောသဘာဝ ကို ပုံဖော်ပြထားတာကိုပဲခံစားကြည့် ရှု့ဖို့ တောင်းဆိုပါရစေ။ ဇာတ်လမ်း အကျဉ်းကတော့ ၁၇ ရာစု အစပိုင်းမှာ ဂျပန်ကို သာသနာပြုဖို့ အတွက် ဘုန်းတော်ကြီး Ferreira (Liam Neeson) တို့ဟာစေလွှတ်ခြင်းခံခဲ့ရပါတယ်။အစပိုင်းမှာတော့ သူတို့ခရီးစဉ် အောင်မြင် ခဲ့ပြီး နောက်ပိုင်းမှာတော့ ရက်စက်တဲ့ Shogun တွေက သာသနာပြုလုပ်ငန်းတွေကို ဖျက်စီး ဘာသာဝင်တွေကို ဖမ်းဆီး နှိပ်စက် ကာ သာသနာ ပြု ဘုန်းတော်ကြီးတွေကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ သို့သော် မကြာခင်မှာရရှိတဲ့ သတင်းအရ ဘုန်းတော်ကြီး ဖာရာရီဟာ ခရစ်ယာန် သာသနာ ကို စွန့်လွတ် သွားပြီတဲ့လေ။ ဒါကို မယုံနိုင်တဲ့ သူ့ တပည့် နှစ်ယောက် ဖြစ်တဲ့ Andrew Garfield နဲ့ Adam Driver တို့နှစ်ယောက်ဟာ သူ့တို့ ဆရာကို ရှာဖွေဖို့ ဂျပန်ကို တိတ်တဆိတ် ဝင်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ မကြာခင်မှာပဲ Shogun တွေက သိရှိသွားတဲ့အခါမှာတော့ သူ့ကို အတင်း အကျပ်ကိုင် ပြီး ဘာသာကိုစွန့်လွှတ်ခိုင်းပါတော့တယ် သူ ဘာသာကို မစွန့်လွတ်ဘူးဆိုရင် သူ့ရှေ့တင် မှာပဲ ခရစ်ယာန်ဘာသာဝင်ရွာသားတွေကို သတ်ဖြတ်ပြပါတယ် အန်ဒရူး အနေနဲ့ မိမိရဲ့ ယုံကြည် သက်ဝင်မှု့ကို စွန့်လွတ်ပြီး တစ်ခြား သူတွေရဲ့ အသက်ကို ကယ်တင်မလား မိမိ ရဲ့ ယုံကြည်မှု့ကို ပဲ ခိုင်မြဲစွာဆုပ်ကိုင်ထားမလားဆိုတာ စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်ရမှာပါ။ <Tariq L Walker> File Size : 1.3 GB Quality : Bluray 720P Running Time : 2hr 41minutes Format : Mp4 Genre : Drama, History Encoder : Tariq L Walker