
သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။ လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရအောင် ပေးစွမ်းပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ Captain Manuel Bonifacio ဆိုတဲ့ ရပ်ရွာရဲ့လူကြီးလူကောင်း အဖိုးကြီးတစ်ယောက်ဟာ သားသမီးလေးယောက်၊ မြေးတွေများစွာရှိပါလျက်နဲ့ အိမ်မှာ တူဖြစ်သူ Jun နဲ့ နှစ်ဦးထဲ နေရသူပါ။ သူ့ရဲ့ ၆၉ နှစ်ပြည့်မွေးနေ့မှာ လာဖို့ သားသမီးတွေကိုခေါ်ပေမယ့် ဘယ်သူမှမအားဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့အတူ ဒီမွေးနေ့မှာ မိသားစုသိုက်သိုက်ဝန်းဝန်းမရှိပဲ ဖြတ်သန်းလိုက်ရပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ နောက်ဆုံးဧည့်သည်က ဆရာဝန်ဖြစ်နေပြီး သူဟာ အဆုတ်ကင်ဆာရှိနေတာကြောင့် ၂လပဲ နေရတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီအခါမှာ သားသမီးတွေကို ဆက်သွယ်ပြီး နှစ်လတာကာလအတွင်းက တနင်္ဂနွေခုနှစ်ရက် (Seven Sundays) ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တနင်္ဂနွေ ခုနှစ်ရက် အတွင်းမှာ ဒီဖခင်နဲ့ ညီကိုမောင်နှမလေးယောက် ဘာတွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ရသမျိုးစုံခံစားရင်း ကြည့်လိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyan Hlyan Chit မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/85 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.9 GB)/(1.1 GB) Quality…WEB-DL 1080p / 720p Format…mp4 Duration….02:08:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Nyan Hlyan Chit
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.9 GB | Download | |
| 1080p | 3.9 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |