
Science genre အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် Robocop ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Robocop ဆိုတဲ့ စကားလုံးအတိုင်း စက်ရုပ်ရဲရဲ့အကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ ဒက်ထရွိုက်မြို့ကြီးမှာ ရာဇဝတ်မှုတွေက အဖြစ်များလှပါတယ်။ တစ်နေ့မှာတော့ ဒက်ထရွိုက်ရဲဌာနကို မာဖီဆိုတဲ့သူက တာဝန်ပြောင်းလာခဲ့ပါတယ်။ လူးဝစ်ဆိုတဲ့ ရဲမေနဲ့ ပါတနာအဖြစ် တာဝန်ထမ်းဆောင်ရင်း လူဆိုး ဂိုဏ်းတစ်ဂိုဏ်းကို လိုက်ဖမ်းခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းရှာတဲ့ မာဖီက လူဆိုးတွေလက်ထဲမှာပဲ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ OCP ဆိုတာက ဒယ်တာမြို့အသစ် တည်ဆောက်ရေးအတွက် ဒက်ထရွိုက်အစိုးရနဲ့ စာချုပ်ချုပ်ထားတဲ့ အဖွဲ့အစည်းပါ။ သူတို့ဟာ ရဲတွေနေရာမှာ အစားထိုးမယ့် စက်ပစ္စည်းတစ်ခုကို တီထွင်ခဲ့ပေမဲ့ ပရိုဂရမ်အမှားအယွင်းကြောင့် အဆင်မပြေခဲ့ပါဘူး။ ဒါပေမဲ့ သူတို့ဟာ သေသွားတဲ့ မာဖီကို နောက်ထပ်စမ်းသပ်ချက်အတွက် အသုံးချဖို့ လုပ်ခဲ့ပါတယ်။ မာဖီအလောင်းကိုယူပြီး စက်ရုပ်တစ်ခုအဖြစ် အသက် သွင်းခဲ့တာပါ။ ဒါဆိုရင် စက်ရုပ်ဖြစ်သွားမယ့် မာဖီကရော မြို့အတွက် အထောက်အကူပြုလာနိုင်မလား၊ သူ့ကို သတ်ခဲ့တဲ့လူတွေကိုရော ပြန်ပြီးလက်စားချေမလား၊ ဒီတီထွင်မှုကို ဖျက်စီးချင်တဲ့သူရော ရှိလာမလားဆိုတာကိုတော့ Robocop ဆိုတဲ့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ File size…1.98GB / 733MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ..... Action , Crime , Sci-fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant