
IMDb Rating - 7.9/10 ၁၉၇၁ ခုနှစ်က ဂျပန်နိုင်ငံ၊ မီနာမာတာမြို့လေးမှာ ဖြစ်ပွားခဲ့တဲ့ မာကျူရီအဆိပ်သင့်မှုကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မီနာမာတာမြို့လေးဆိုတာ သိပ်ကိုလှပတဲ့ ကမ်းရိုးတန်းမြို့လေး၊ ဒေသခံတွေမှာလည်း တံငါလုပ်ငန်းနဲ့အသက် မွေးဝမ်းကျောင်းပြုနေသူတွေအများကြီးရှိပြီး ပင်လယ်ငါးတွေကို အဓိကစားသုံးကြတဲ့မြို့လေးပေါ့၊ ဒါပေမယ့် ချီဆိုဆိုတဲ့ဓာတုစက်ရုံကြီး မီနာမာတာမြို့လေးကိုရောက်လာတဲ့အခါမှာ စက်ရုံကနေပင်လယ်ထဲကိုစွန့်ထုတ်တဲ့ ဓာတုပစ္စည်းတွေကြောင့် ငါးတွေအဆိပ်သင့်၊ အဲဒီကတစ်ဆင့် လူတွေအဆိပ်သင့်ပြီး ကလေးလူကြီးမကျန် ဦးနှောက်တစ် သျှူးတွေထိခိုက်ပြီး ခြေလက်တွေအကြောဆိုင်း၊ မျက်စိကွယ်၊ စကားမပြောနိုင် စတဲ့ ရောဂါလက္ခဏာတွေခံစားရရှာပါတယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်စုကျော်အကြာ ၁၉၇၁ခုနှစ်မှာ နယူးယောက်မြို့ လိုက်ဖ်မဂ္ဂဇင်းက ဓာတ်ပုံဆရာကြီး ယူဂျင်းစမစ်ဟာ ဘာသာပြန်ဂျပန်မလေး အိုင်လင်းရဲ့တောင်းဆိုမှုကြောင့် မီနာမာတာကို ကင်မရာတစ်လုံးနဲ့ရောက်လာပြီး ဒေသခံတွေနဲ့အတူ တရားမျှတမှုအတွက် ဆန့်ကျင်လှုပ်ရှားကြပါတော့တယ်။ ဒီဖြစ်ရပ်မှန် ဇာတ်ကားထဲမှာ လောကကြီးကိုစိတ်ကုန်နေတဲ့ ထေ့ငေါ့ငေါ့ဓာတ်ပုံဆရာကြီးယူဂျင်းစမစ်အဖြစ် မင်းသားကြီး Johnny Depp က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ MTA ပဲ ဖြစ်ပါတယ်။) Quality – 1080p, 720p, 360p BluRay Duration - 1h 55min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.BluRay Translator – MTA Encoder – SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |