
Time Travelနဲ့ ပတ်သက်တဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ ရေပန်းမစားခင်ကတည်းက Walt Disneyမှာ ဒီ topicနဲ့ပတ်သက်တဲ့ animation ကားတစ်ခု ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားကို ငယ်စဉ်က ကြည့်ဖူးခဲ့တဲ့သူတွေ ရှိသလို သိပ်မရင်းနှီးတဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမဲ့ ဒီကားဟာDisneyရဲ့ animation ဇာတ်ကားတွေထဲမှာ အတော်လေး Underrated ဖြစ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောရမှာပါ။ ဇာတ်လမ်းအကြောင်းကို ပြောရရင် မွေးကင်းစအရွယ်မှာ ကတည်းက မိခင်ရင်းဖြစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ လူးဝစ်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ္ပံကို ရူးသွပ်တဲ့ ကလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူက သူရူးသွပ်တဲ့ သိပ္ပံပညာရပ်နဲ့ တီထွင်မှုတွေမျိုးစုံလုပ်ခဲ့ပြီး သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ မိခင်ကို ပြန်တွေ့နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့တာပါ။ သူ့ရဲ့ရူးသွပ်မှုတွေ ဖန်တီးမှုတွေရဲ့ ဒဏ်ကိုအများဆုံးခံခဲ့ရတာက သူ့ရဲ့အခန်းဖော်လေးဖြစ်တဲ့ ဂုဘ်ဆိုတဲ့ကောင်လေးပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ လူးဝစ်တစ်ယောက် မှတ်ဉာဏ်ဖတ်စက်ဆိုတဲ့ စက်လေးကို တီထွင်နိုင်ခဲ့ပါတယ်။ သူ့အကြံကတော့ အဲဒီစက်ကတဆင့် သူ့အမေကို ပြန်တွေ့နိုင်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒီလိုနဲ့ပဲသူ့ရဲ့စက်ကို ကျောင်းသိပ္ပံပြပွဲကို ယူသွားပြီး စမ်းသပ်တဲ့ အချိန် မအောင်မြင်ခဲ့တာကြောင့် လူးဝစ်လည်း အရမ်းကို စိတ်ဓါတ်ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန် ဝေလ်ဘာ ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာပြီး သူ့ကိုယ်သူ အနာဂတ်ကလာတာ ဖြစ်ကြောင်း၊ လူးဝစ်ကိုဒုက္ခပေးဖို့ ဦးထုပ်အမည်းရောင်နဲ့ လူတစ်ယောက် အနာဂတ်ကနေ အခုအချိန်ကို ရောက်လာတဲ့အကြောင်း ပြောပါတော့တယ်။ ဝေလ်ဘာဆိုတဲ့ ကောင်လေးက တကယ်ပဲ အနာဂတ်ကနေ ရောက်လာတာလား၊ ဦးထုပ်အနက်ရောင်နဲ့လူက ဘယ်သူလဲ ဘာကြောင့် လူးဝစ်ကိုဒုက္ခပေးချင်ရတာလဲ၊ သူတို့ကြားက ပတ်သက်မှုတွေက ဘာလဲ၊ လူးဝစ်ကရော သူဖြစ်ချင်သလို သူ့မိခင်အရင်းနဲ့ပြန်တွေ့ပြီး သူလိုချင်တဲ့ မိသားစုဘဝကို ပြန်ရနိုင်မလားဆိုတာ ကြည့်ရှုရမယ့် စိတ်ကူးယဉ်စွန့်စားခန်း animation ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size… 2.1 GB, 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Adventure, Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 1080p | 2.1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |