
Penguins Of Madagascar (2014) IMDb – 6.7/10_____Rotten – 73% ဒီဇာတ်ကားက Madagascar ထဲက ဆရာ့ဆရာကြီးတွေဖြစ်တဲ့ ပင်ဂွင်း၄ကောင်ရဲ့ spin-offဇာတ်ကားဖြစ်ပါတယ် Madagascar ဇာတ်ကားတွေရဲ့ထုံးစံအတိုင်း ဟာသတွေအများကြီးပါဝင်ဦးမှာ ဖြစ်သလို သူများနဲ့မတူဘဲ weird ဖြစ်တဲ့ ဇာတ်လမ်းပုံစံကိုလည်း မြင်တွေ့ရဦးမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ နယူးယောက် Central zooကို ရောက်လာတဲ့ စကစ်ပါ ကိုဝါစကီး ရီကိုနဲ့ ပရိုင်းဗိတ်ပင်ဂွင်း၄ကောင်ကြောင့် လူတိုင်းချစ်တဲ့ ရေဘဝဲအဖြစ် ကနေ အပယ်ခံဘဝ ရောက်သွားတဲ့ ဒေ့ဗ်ဆိုတဲ့ ရေဘဝဲတစ်ကောင်က မျိုးဗီဇပညာကို လေ့လာပြီး ဒေါက်တာအော့တေးဗီးယပ်စ် ဘရိုင်းဆိုတဲ့ နာမည်တုနဲ့ ဗီဇပြောင်းတိရစ္ဆာန်တွေကို ဖန်တီးဖို့ ကြိုးစားနေတာပါ။ သူ့အကြံကတော့ လူတိုင်းချစ်ကြတဲ့ ပင်ဂွင်းလေးတွေကို မျိုးဗီဇပြောင်း မကောင်းဆိုးဝါးတွေ ဖြစ်အောင်လုပ်ပြီး လူတွေမုန်းတီးသွားစေချင်တဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ဒီအကြံကို အကောင်အထည်ဖော်ဖို့ စကစ်ပါတို့ ပင်ဂွင်း၄ကောင်အပြင် တစ်ကမ္ဘာလုံးရှိ တိရစ္ဆာန်ရုံအသီးသီးကပင်ဂွင်းတွေကို လိုက်ဖမ်းဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့အကြံကို စကစ်ပါတို့ တားဆီးနိုင်မှာလား၊ ဒေ့ဗ်ရဲ့အကြံအတိုင်း မကောင်းဆိုးဝါးတွေ ဖြစ်သွားပြီး လူသားတွေရဲ့မုန်းတီးခြင်းကို ခံသွားရမလားဆိုတာ ကြည့်ရမှာပါ။
| Provider | Resolution | File Size | |
|---|---|---|---|
| 4k | Download | ||
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |