
တွမ်နဲ့ဂျယ်ရီ ပရိသတ်တွေအနေနဲ့ ဒီAnimationကို မသိသူ အတော်လေးရှားမှာပါ။ Fast & Furious theme ပုံစံမျိုးနဲ့ ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ ကျွန်တော်တို့ငယ်စဉ်က အတော်ကိုကြိုက်ခဲ့ရတဲ့ ဇာတ်လမ်းဖြစ်သလို ဇာတ်ကွက် တွေကိုပါ အလွတ်ရတဲ့အထိ ထပ်ခါတလဲလဲကြည့်ခဲ့ဖူးတဲ့ animationပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိမ်ပိုင်ရှင်ရဲ့နှင်ထုတ်ခြင်းကို ခံလိုက်ရတဲ့ တွမ်နဲ့ဂျယ်ရီတို့နှစ်ယောက် ဇိမ်ခံစံအိမ်ကြီးကို ပထမဆုအနေနဲ့ ပေးမယ့် ဟောလိဝုဒ်က ကားပြိုင်ပွဲကြီးရဲ့ ကြော်ငြာကိုမြင်ပြီး ပြိုင်ဖို့ လုပ်ကြပါတော့တယ်။ ပြိုင်ပွဲကျင်းပတဲ့ စတူဒီယိုဘက်ကလည်း တွမ်ရဲ့ဉာဏ်နီဉာဏ်နက် များတဲ့ပုံစံနဲ့ ဉာဏ်ပြေးတဲ့ ဂျယ်ရီရဲ့ပုံစံကို သဘောကျပြီး ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ပေးလိုက်ပါတယ်။ သူတို့နှစ်ကောင် ကြောင့်ပဲ အဲဒီကားပြိုင်ပွဲ အစီအစဉ်က ကြည့်ရှုနှုန်းတွေ ထိုးတက်လာတဲ့နောက် စတူဒီယိုဘက်က လောဘတက်ပြီး မူလပန်းတိုင်အစား ပန်းတိုင်တွေ တစ်ခုပြီးတစ်ခုပြောင်းပြီး ပြိုင်ပွဲရှည်အောင် လုပ်ပါတော့တယ်။ အဲဒီလို ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြမ်းတမ်းလှတဲ့ ပြိုင်ပွဲကြီးမှာ တွမ်နဲ့ဂျယ်ရီ နှစ်ကောင် လူတွေနဲ့ရင်ဘောင်တန်းပြီး ဘယ်လိုမျိုး ကား အလန်းစားတွေနဲ့ ယှဉ်ပြိုင်သွားမှာလဲ၊ တခြားသူတွေကို အသာရအောင် ဘယ်လိုဉာဏ်များကြဦးမလဲ၊ ပြိုင်ပွဲကြီးမှာဘယ်သူအနိုင်ရပြီး စံအိမ်ကြီးကို ပိုင်ဆိုင်သွားမလဲဆိုတာ အချိုးအကွေ့များစွာနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… 1.6 GB, 732 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Action, Adventure, Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 1080p | 1.6 GB | Download | |
| 720p | 732 MB | Download | |
| 720p | 732 MB | Download | |
| 720p | 732 MB | Download | |
| 720p | 732 MB | Download |