
Mar.IA (2024) IMDb Rating (5.9) ဇာတ်ကားကတော့ ခမ်းခမ်းနားနားကြီးလို့ထင်ရအောင်ကို မက်ထရိုပိုလစ်ဆိုတဲ့ ဂန္တဝင်ရုပ်ရှင်ကြီးထဲက စကားလုံးတွေဖြစ်တဲ့ “အစီအစဉ်ကိုဆွဲတဲ့ ဦးနှောက်တွေနဲ့ အကောင်အထည်ကိုဖော်တဲ့ လက်တွေကြား နှလုံးသားတစ်ခုတော့ ရှိဖို့လိုတယ်” ဆိုတဲ့ စကားနဲ့စထားတယ်။ အေအိုင်ကားကိုး။ စက်တွေမှာ နှလုံးသားရှိတာကို ပြချင်တာကို ဒီစကားလုံးကို သုံးပြီး ဆက်တင်ပြထားတယ်။ မမေ့ဖို့က ဒီရုပ်ရှင်က B ရုပ်ရှင်ပဲ။ မြန်မာမှာဆို အောက်ကားပေါ့။ ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့တော့ကောင်းပေမဲ့ လိုးဘတ်ဂျက်ရုပ်ရှင်ကို ခမ်းခမ်းနားနားကြီးတော့ သွားမမျှော်လင့်မိဖို့တော့လိုတယ်။ ဇာတ်ကိုတော့ အပြာရုပ်ရှင်ရိုက်ကူးရေးလောကနဲ့ ချိတ်ဆက်ပြီး တော်တော်စားစားကိုပြထားတယ်။ အပြာရုပ်ရှင်ရိုက်ကွင်းမှာ ဖြစ်တဲ့ကိစ္စတွေနဲ့ ဒီအေအိုင်စက်ရုပ်နဲ့ ဘာပတ်သက်လဲ ပြောပြရင်တော့ ဒီဇာတ်က စိတ်ဝင်စားစရာကောင်းသွားလိမ့်မယ်။ ဒါပေမဲ့ ရုပ်ရှင်အရသာပျက်လို့ မပြောပြတော့ပါဘူး။ ထူးခြားတာက စက်ရုပ်လူကားလို့ ပြောပေမဲ့လည်း တကယ်တမ်းကျ ဖီးမနစ်ကားပိုဖြစ်နေတာပါပဲ။ ဘာလို့လဲတော့ ကြည့်ရင်သိပါလိမ့်မယ်။ အမျိုးသမီးအသားပေးရုပ်ရှင်တွေကို သဘောကျရင်လည်း ဒီရုပ်ရှင်က ရွေးကောင်းရွေးသင့်ပါတယ်။ ဝတ်လစ်စလစ်အခန်းတချို့ နှင့် 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့M ဖြစ်ပါတယ်။) File size…(1.4 GB) / (550 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Science Fiction,Thriller Duration….01:13:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by M