
သိပံံံံံံရုပ်ရှင်တွေကြိုက်တဲ့ပရိတ်သတ်တွေအတွက်တော့ခံစားမှုအသစ်ပေးမယ့်ဇာတ်ကားကောင်းလေးပါ။ ယခုနှစ်၂၀၁၇မတ်၂၄ကမှထုတ်လိုက်တဲ့ကားသစ်လေးဖြစ်ပါတယ်။ အမြင်တမျိုးနဲ့ကြည့်ရတာကောင်းတဲ့ကားလေးတကားဖြစ်ပါတယ်။ နိုင်ငံပေါင်းစုံကအာကာသပညာရှင်တစုဟာနိုင်ငံတကအာကာသစခန်းမှာ အတူတူအင်္ဂါဂြိုလ်ကိုလေ့လာရင်းအလုပ်လုပ်နေကြတာပါ။ သမိုင်းမှာအရေးကြီးတဲ့ရှာဖွေမှုဖြစ်တဲ့ကမ္ဘာအပြင်တခြား ဘယ်နေရာတွေမှာသက်ရှိတွေရှိလဲဆိုတာကိုရှာဖွေလေ့လာနေကြတာပါ။ ကံကောင်းစွာပဲအင်္ဂါဂြိုလ်ကယူလာတဲ့မြေနမူနာတွေကိုစမ်းသပ်လိုက်တဲ့အခါ သက်ရှိဖြစ်လာမယ့်ကလပ်စည်းလေးကိုတွေ့ရှိသွားပါတယ် တွေ့ရှိမှုအတွက်အားလုံးဝမ်းသာဝမ်းမြောက်ဖြစ်ကြရပြီးနိုင်ငံတကာကပါအားပေးခဲ့ကြပါတယ်။ ဒါပေမယ့်ရုတ်တရတ်ပဲမတော်တဆအမှားတခုဖြစ်သွားပြီးတဲ့နောက်မှာတော့ အဲဒီသက်ရှိမျိုးစိတ်လေးကလှုပ်ရှားမှုမရှိတော့ပါဘူး။ ဒါပေမယ့်လူသားပေပဲ။ မဖြစ်နိုင်ဘူးဆိုတာကိုဖြစ်အောင်လုပ်တတ်တာလဲလူသားတွေပါပဲ။ အဲဒီဖြစ်လာတဲ့အကျိုးဆက်ကိုခံစားရတာလဲလူပါပဲ။ အဲလိုပဲကယ်ဗင်လို့သူတို့နာမည်ပေးထာတဲ့အင်္ဂါဂြိုလ်ကသက်ရှိလေးကိုပြန်လည် အသက်သွင်းပြီးမူလအခြေအနေနဲ့မတူပဲထူးဆန်းစွာပြုမှုနေတဲ့အခါမှာတော့ အာကာသပညာရှင်ကြီးတွေဘယ်လိုလုပ်ကြမလဲ။ အဲဒီကယ်ဗင်လေးကရောဘယ်လိုတွေကံမကောင်းမှုတွေယူလာမလဲ။ သူ့ရန်ကနေအာကာသပညာရှင်တွေကာကွယ်နိုင်မှာလား။ ကမ္ဘာကြီးကိုကယ်တင်မယ်ဆိုတဲ့သူတို့ဆန္ဒတွေပြည့်ဝမလားဆိုတာတော့ ဇာတ်ကားလေးမှာဆက်ကြည့်လိုက်ပါဦးဗျာ။ စိတ်လှုပ်ရှားမှုတွေပေးမှာဖြစ်ပြီးတကယ်ကြည့်ကောင်းစေမယ့်ကားလေးပါ။ ဇာတ်ကားနောက်ပိုင်းရောက်လေပိုပြီးစိတ်လှုပ်ရှားရလေပါပဲ။ ရုံဝင်ငွေ၉၃.၅သန်းထိဝင်ခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ အားလပ်ချိန်ကိုစိတ်အပန်းပြေစေ၊စိတ်ကျေနပ်စေမယ့်ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Fridays ပဲဖြစ်ပါတယ်) File Size : 751 MB Quality : Bluray 720p Running Time : 1hr 44minutes Format : Mp4 Genre : Horror, Sci-Fi, Thriller Translator : Fridays Encoder :Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |
ထုတ်လွှင့်သည့်နေ့
March 22, 2017
ကြာချိန်
1h 44m
အဆင့်သတ်မှတ်ချက်
6.4 / 10
Director
Daniel Espinosa