
Sci-fic နဲ့ Survival genreမှာ ဂျပန်ရုပ်ရှင်တွေဟာ တန်းတစ်ခုရှိတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ထောင်ချောက်နဲ့ ပဟေဠိတွေ၊ ဘယ်အချိန် ဘယ်လိုနည်းနဲ့ သေမလဲ မှန်းဆမရမှုတွေ၊ ပီပြင်ပြီး သွေးသံရဲရဲနဲ့ သေဆုံးမှုတွေကြောင့် ဂျပန် survival genreဟာ Respectပေးထားရတဲ့ Genreတစ်ခုပါ။ ဒီရုပ်ရှင်ကတော့ မူရင်း ကနေဒါ film series ဖြစ်တဲ့ Cube ရုပ်ရှင်တွေရဲ့ ၄ကားမြောက် ပုံစံမျိုးပါ။ ယောကျ်ားသား ၅ယောက်နဲ့ မိန်းမ ၁ယောက်၊ ဘယ်လိုဘယ်ပုံနဲ့ရောက်လာမှန်းမသိလိုက်ဘဲ ကုဗတုံးသဏ္ဍာန် သံအချုပ်ခန်းထဲ အချုပ်ခံထားရသူတွေ၊ ဒီလူ၆ယောက်ဟာ တစ်ဦးနဲ့တစ်ဦးသိတဲ့သူတွေမဟုတ်သလို တစ်ကြိမ်တစ်ခါတောင် မြင်ဖူးခြင်းမရှိတဲ့ သူစိမ်းသက်သက်တွေဆိုပေမယ့် တစ်ဦးချင်းစီရဲ့နောက်ကြောင်းဟာ ရိုးရှင်းမှု၊ရိုးဖြောင့်မှုမရှိတာတော့ တူညီနေသူတွေ... သူတို့ရောက်နေတဲ့ ကုဗတုံးသဏ္ဍာန်အခန်းသည် အလုံပိတ်ရယ်လို့မဟုတ်၊ ဘေးဘီမျက်နှာပြင် ၄ဖက်နှင့် အပေါ်၊ အောက်ဖက်မှာ ကပ်လျက်ကုဗတုံးအခန်းများသို့ ကူးစရာ ဂယ်ပေါက်များရှိနေသည်၊ မြင်သာအောင် ပြောရရင် လူ၆ယောက်ဖမ်းခံထားရသော ကုဗတုံးအခန်းအပါအဝင် တခြားကုဗတုံးအခန်းများစွာ စုစည်းပြီး ဧရာမ ကုဗတုံးကြီးသဏ္ဍာန် ဖန်တီးထားသော ထူးဆန်းသည့် အဆောက်အအုံကြီးဖြစ်သည်။ လက်ရှိရောက်နေသည့် အခန်းမှသည် ရွေးချယ်စရာ ဂယ်ပေါက် ၆ပေါက်အထိ ပေးထား၍ ကြိုက်သည့်အပေါက်မှ ကြိုက်သည့်အခန်းသို့ကူးနိုင်သည်၊ သို့သော် ကိုယ်ကူးသည့်အခန်း မှားရင်ဖြင့် ပြန်လမ်းမရှိတဲ့ မရဏလမ်းဆီ ရောက်နိုင်သည့် ထောင်ချောက်အသီးသီးနဲ့ တိုးပါမည်။ ဘယ်အပေါက်ကကူးလျင် ထောင်ချောက်မရှိတဲ့ အခန်းကိုရောက်မလဲ၊ ထိုမှတဆင့် ဘယ်လိုရွေးချယ်မှုတွေနဲ့ပင်မထွက်ပေါက်ကြီးကို ရောက်အောင်သွားကြမလဲ၊ ဘယ်သူတွေ ရှင်ကျန်ပြီး ဘယ်သူတွေသေမလဲ၊ ထောင်ချောက်ဒီဇိုင်း အမိုက်စားတွေနဲ့ ဘယ်သူတွေ သေပန်းပွင့်မလဲဆိုတာတော့ CMပရိတ်သတ်တွေ ကိုယ်တိုင်ပဲခေါင်းစားကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Horror, Mystery, Sci-fi Quality….WEB-DL 1080p and 720p File size… 1.5GB and 779MB Format…mp4 Duration…. 1h 48min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
October 22, 2021
ကြာချိန်
1h 48m
အဆင့်သတ်မှတ်ချက်
5.5 / 10
Director
Yasuhiko Shimizu