
"ဒီကားရဲ့ 1080p HD Version ဟာ မရှိသလောက် ရှားလို့ ခွေဗားရှင်း 480p ကိုပဲ အတော်လေးကြည်အောင် Encode ပေးထားပါတယ်။ တစ်ချိန်ချိန်မှာ 1080p ရှာတွေ့ခဲ့ရင်လည်း update လုပ်ပေးသွားပါမယ်။" ဒီတစ်ခါတော့ ၂၀၀၅ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb rating 6.9/10 အထိရရှိထားတဲ့ Japanese horror movie ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ Incantation လို vibe မျိုးနဲ့ pseudo-documentary ကို လက်တွေ့ဆန်ဆန်ကြည့်ရှုရတာ နှစ်သက်သူဆိုရင်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ကိုဘာယာရှိဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကို ရှာဖွေလေ့လာပြီး စာအုပ်တွေပါထုတ်ဝေတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပြီး သူနောက်ဆုံးလေ့လာခဲ့တဲ့ မှတ်တမ်းမှာ လူမျိုးစုတစ်စုဆီက ဆင်းသက်လာတဲ့ ရိုးရာပွဲကနေပေါ်ပေါက်လာတဲ့ အရာတစ်ခုကို လေ့လာရင်း သူကိုယ်တိုင်ဖြစ်ရပ်ဆိုးတွေ ကြုံခဲ့ရပါတယ်။ ဗီဒီယိုကို အစဆုံးမှတ်တမ်းတင်ပြီးချိန်မှာတော့ သူ့အိမ်ပါ မီးလောင်သွားသလို ဇနီးသည်ကိုပါ ဆုံးရှုံးလိုက်ရတယ် ကိုဘာယာရှိကိုယ်တိုင်လည်း ပျောက်ဆုံးသွားခဲ့တယ်။ ဒီဖြစ်ရပ်တွေဟာ မှတ်တမ်းတင်ဗီဒီယိုရဲ့ ကျိန်စာကြောင့်လား တိုက်ဆိုင်မှုလားဆိုတာ ပရိသတ်တို့ပါ တွေးခေါ် ကြည့်ရှု ဖော်ထုတ်ရင်း ဇာတ်လမ်းပြီးသွားတဲ့အခါမှာလည်း စိတ်ထဲ တစ်ခုခုစွဲကျန်ရစ်စေမယ့် ကားကောင်းလေးဖြစ်ပါကြောင်း... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB Quality - 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 55Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y