
Squid Game မင်းသားကြီး Lee Jung Jae ၊ Steel Rain မင်းသားကြီး Jung Woo Sung ၊ SearchWWW နဲ့ Stranger2 တို့က မင်းသမီးကြီး Jeon Hye Jin တို့အပြင် Alchemy of Souls ထဲက နာ့ဆူလေး Go Yoon Jung တို့ အဓိက ပါဝင်ထားပြီး Heo Sung Tae ၊ Jung Man Shik တို့ကလည်း supprot role ကနေပါဝင်သလို ဧည့်သရုပ်ဆောင်တွေအဖြစ် Along with The Gods မင်းသားကြီး Joo Ji Hoon ၊ Snow Drop ထဲက ကျွန်တော်တို့ အချစ်တော်ကြီး Park Sung Woong တို့ ပါဝင်တဲ့အပြင် မြန်မာမှာ ဖြစ်ခဲ့ဖူးတဲ့ ဖြစ်ရပ်ကိုပါ ခပ်ဆင်ဆင်အနေအထားနဲ့ ထည့်သွင်းရိုက်ကူးထားတဲ့အတွက် ကိုရီးယားရောက် မြန်မာလူမျိုးအချို့လည်း အားဖြည့်ပါဝင်ရိုက်ကူးထားတဲ့ Hunt ဆိုတဲ့ အလန်းစား စပိုင်၊ အက်ရှင် ဇာတ်လမ်းလေး လာပါပြီ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ၁၉၈၀ ခုနှစ် ကိုရီးယား အာဏာရှင်စနစ် လွှမ်းမိုးမှု အမြင့်ဆုံးရောက်နေတဲ့အချိန်မှာ ပြည်ပဆိုင်ရာ KCIA ဦးစီးမှူး ပတ်ဖြောင်းဟိုနဲ့ ပြည်တွင်းဆိုင်ရာ KCIA ဦးစီးမှူး ဂင်ဂျောင်ဒို တို့ဟာ ဒုံလင်ဆိုတဲ့ မြောက်ကိုရီးယား စပိုင် အကြီးအကဲကို စုံစမ်းဖော်ထုတ်ဖို့ တာဝန်ပေးအပ်ခံရပါတယ်။ ဒုံလင်ဆိုတာကတော့ နယ်နယ်ရရမဟုတ်ဘဲ သူတို့အဖွဲ့အစည်းထဲကို အတွင်းထဲထိ စိမ့်ဝင်ထားနိုင်တဲ့ သူလျှိုဖြစ်ပြီး ထိပ်တန်းလျှို့ဝှက်ချက်တွေကိုပါ မြောက်ကိုရီးယားဆီ ပေးပို့နေတဲ့သူပါ။ ဖြစ်ချင်တော့ ဒုံလင်ကို မဖော်ထုတ်နိုင်တဲ့အပြင် ဖိအားတွေပါ ရင်ဆိုင်လာရချိန်မှာတော့ အချင်းချင်း အပြန်အလှန် စွပ်စွဲပြစ်တင်ကြပါတယ်။ ဒါပေမဲ့လည်း ဌာနမှူးနှစ်ယောက်ဟာ သူလျှိုကဘယ်သူဆိုတာနဲ့ သူလျှိုရဲ့ အဓိက တာဝန်ဟာ တောင်ကိုရီးယား သမ္မတကို လုပ်ကြံသတ်ဖြတ်ဖို့ဖြစ်တယ်ဆိုတာကို တဖြည်းဖြည်းသိရှိလာတဲ့အခါမှာတော့ ... ဒုံလင်ဆိုတဲ့ အတွင်းသူလျှိုက ဘယ်သူဖြစ်မလဲ? ဒုံလင်ကို ဖော်ထုတ်နိုင်ဖို့ ဌာနမှူးနှစ်ယောက် ဘယ်လိုကြိုးစားကြမလဲ? သူတို့ ဌာနနှစ်ခုကြား အချင်းချင်း ဝေဖန်ပြစ်တင်တာတွေကို ဘယ်လိုဖြေရှင်းမလဲ? သမ္မတကို ကယ်တင်ဖို့ကော ဒီ ဌာနမှူးနှစ်ယောက် စွမ်းဆောင်နိုင်မှာလား? ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ရင်တထိတ်ထိတ် ဆက်လက် ကြည့်ရှု အဖြေရှာကြပါစို့ဗျာ။ (မင်းသားကြီး Lee Jung Jae ဟာ ဒီဇာတ်လမ်းရဲ့ ဇာတ်ညွှန်းရေးရာမှာလည်း တစ်စိတ်တစ်ဒေသပါဝင်ခဲ့ပြီး ကိုယ်တိုင်တည်းဖြတ်ရိုက်ကူးထားတဲ့အပြင် အဓိကဇာတ်ဆောင်အနေနဲ့လည်း ပါဝင် သရုပ်ဆောင်ထားပါသေးတယ်ခင်ဗျာ) ကိုရီးယားမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပြီး cast အလန်းစားတွေကိုမှ ဇာတ်လမ်း အကြမ်း၊ အမိုက်စား ကြည့်ရှုခံစားရမှာ ဖြစ်တဲ့အတွက် မလွတ်တမ်း ကြည့်ရှုကြဖို့ အကြံပေးလိုက်ပါရစေခင်ဗျာ။ File Size : 2.2GB, 859MB, 270MB Quality : 1080p WEB-DL AC3 5.1CH, 720p, 480p Format : mp4 Duration : 2hr & 11mins Genre : Action, Drama, Mystery Translated by Song Song & Hnin Thazin Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 720p | 859 MB | Download |