
၁၉၇၂ မှာ အမေရိကန်ပြည်ထောင်စုနဲ့ ကမ္ဘာ့သမိုင်းအတွက် အချိုးအကွေ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ Watergate ဖြစ်ရပ်ပါ။ ဒီကိစ္စကိုနောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တဲ့ အမေရိကန်သမ္မတ Richard Nixon ဟာ မကြာခင်မှာပဲ ရာထူးကဆင်းပေးလိုက်ရပါတယ်။ Nixon အိမ်ဖြူတော်က ထွက်ခွာနေတဲ့အခမ်းအနားကို ဗြိတိသျှရုပ်သံတင်ဆက်သူတစ်ဦးဖြစ်တဲ့ David Frost က TV ကနေကြည့်ရင်း နစ်ဆင်နဲ့ အင်တာဗျူးလုပ်ဖို့ အကြံရခဲ့ပါတယ်။ ၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Frost/Nixon ဇာတ်ကားက ၁၉၇၇ မှာပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို အခြေတည်ထားတာဖြစ်ပြီး Political Drama အမျိုးအစားဖြစ်ပါတယ်။ Frost က ဖျော်ဖြေရေး Talk Show တွေတင်ဆက်ရတာကို ငြီးငွေ့လာပြီး ပိုပြီးလေးနက်တဲ့ နိုင်ငံရေးအင်တာဗျူးတွေကို တင်ဆက်ချင်လို့ ဒီကိစ္စကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး Nixon ဘက်ကလည်း သူ့ရဲ့ကျဆင်းသွားတဲ့ နိုင်ငံရေးဂုဏ်သိက္ခာကို ဒီအင်တာဗျူးကနေတဆင့် လူထုကိုစည်းရုံးရင်း ပြန်တည်ဆောက်ချင်တာဖြစ်ပါတယ်။ Frost လို နိုင်ငံရေးအကင်းမပါးတဲ့ ရုပ်သံတင်ဆက်ဖျော်ဖြေသူတစ်ယောက်နဲ့ အင်တာဗျူးပြီး Nixon က သူ့ကိုယ်ကျိုးအတွက်အမြတ်ထုတ်ချင်သလို Frost ဘက်ကလည်း ဝါးတားဂိတ်အပါအဝင် Nixon ကျူးလွန်ခဲ့တဲ့အခြားကိစ္စတွေကို ဒီအင်တာဗျူးမှာဝန်ခံခိုင်းပြီး ပြည်သူလူထုကို တောင်းပန်စေချင်တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ချင်းမတူတဲ့ သူတို့နှစ်ယောက် အင်တာဗျူးမှာထိပ်တိုက်တွေ့ချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက် အသာစီးရဖို့၊ အနိုင်ပိုင်းဖို့ကြိုးစားကြရင်း အားပြိုင်ကြတာကို ဒီရုပ်ရှင်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက Tony ဆုရရှိခဲ့တဲ့ Frost/Nixon ပြဇာတ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းထားတာဖြစ်ပြီး အောင်မြင်တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ Michael Sheen နဲ့ Frank Lagella တို့က Frost နဲ့ Nixon အဖြစ်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကားဆု၊ ဒါရိုက်တာဆုနဲ့ သရုပ်ဆောင်ဆုအပါအဝင် အော်စကာဆုငါးဆုအထိ ဆန်ခါတင်ရွေးချယ်ခံခဲ့ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်နိုင်ငံရေးဇာတ်လမ်းဆိုပေမဲ့ ဒရာမာအငွေ့အသက်တွေ ထည့်သွင်းထားတဲ့အတွက် ငြီးငွေ့စရာမဆန်ဘဲ ပရိတ်သတ်ရဲ့အာရုံကိုဆွဲဆောင်နိုင်တဲ့ရုပ်ရှင်မျိုးလည်းဖြစ်သလို Nixon နဲ့ Frost အကြားအားပြိုင်မှုကို လက်ဝှေ့ပွဲတစ်ပွဲယှဥ်ပြိုင်နေရတဲ့ tension မျိုး ထည့်သွင်းတင်ဆက်ထားပါတယ်။ သမိုင်းထဲက ပုဂ္ဂိုလ်နှစ်ဦးရဲ့ character ကို ကောင်းမွန်စွာဖော်ကျူးထားနိုင်တဲ့အတွက် ရုပ်ရှင်ဝေဖန်သူတွေ ချီးကျူးခြင်းကိုခံခဲ့ရပါတယ်။ Nixon နေရာမှာ သရုပ်ဆောင်တဲ့ Lagella ဟာ အော်စကာ Best Actor ဆုအတွက် nominee ဝင်ခဲ့ပါတယ်။ နိုင်ငံရေးဒရာမာရုပ်ရှင်မျိုး နှစ်သက်သူတွေအတွက် မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဝါးတားဂိတ်လို အထင်ကရဖြစ်ရပ်အကြောင်းကိုလည်း အဓိက Element အနေနဲ့ထည့်သွင်းထားတဲ့အတွက် သမိုင်းစိတ်ဝင်စားသူတွေလည်း ကြည့်ရှုသင့်ပါတယ်။ File size…(2.9 GB)/(980 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre...Drama, History, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.9 GB | Download | |
| 720p | 980 Mb | Download | |
| 1080p | 2.9 GB | Download | |
| 720p | 980 Mb | Download |