
ခွေးကလူတွေရဲ့အကောင်းဆုံးအဖော်မွန် ဆိုတဲ့စကားပုံကိုကြားဖူးကြမှာပါ။ခွေးဆိုတဲ့သတ္တဝါကဘယ်သူတွေကိုယ့်ကိုစွန့်ခွာသွားသွား ကိုယ့်ဘေးမှာအမြဲတမ်းရှိနေမယ့်သတ္တဝါလေးတွေပါ။မိတ်ဆွေတွေထက် သစ္စာရှိတာကြောင့်မိတ်ဆွေစစ်လို့ခေါ်ဝေါ်ကြတဲ့အကြောင်းကိုတွေ့မြင်ရမှာပါ။ဒီကားလေးကတော့ ခွေးချစ်သူပရိသတ်တွေအတွက် အကြိုက်တွေ့စေမယ့် ခွေးကားဟောင်းလေးတစ်ခုဖြစ်ပါတယ်။၉၀ ခုနစ်ကကားလေးဖြစ်ပြီးတော့ ထိုအချိန်က နေထိုင်မှုဘဝ အဆင်အပြင်တွေကိုခံစားရမှာပါ။တောတောင်ရေမြေသဘာဝ ကိုကြည့်ရှုလိုသူတွေအတွက်လည်း နောက်ခံမြင်ကွင်းကစိတ်ကျေနပ်စေမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အန်းဂတ်စ်ဆိုတဲ့ဆယ်ကျော်သက်ကောင်လေးက တိရစ္ဆာန်တွေအပေါ်သနားကြင်နာတတ်ပြီး တစ်နေ့မှာတော့ သူ့နောက်ကိုလိုက်လာတဲ့ လမ်းပျောက်နေတဲ့ ပိုင်ရှင်မဲ့ခွေးလေးတစ်ကောင်ကို မွေးစားလိုက်ပါတယ်။ခွေးလေးရဲ့နာမည်ကတော့ Yellow ပါ။ Yellow ကအန်းဂတ်စ်ရဲ့အချစ်ဆုံးသူငယ်ချင်း ဖြစ်လာပြီး သံယောဇဉ်လည်းတွယ်လာရင်း မိသားစုရဲ့အရေးပါသူတစ်ဉီးဖြစ်လာပါတယ်။ဒါပေမဲ့ သူရဲ့တကယ် သစ္စာရှိအနစ်နာခံပုံက အခုမှလာမှာပါ။တစ်ရက်မှာ အန်းဂတ်စ်ဟာ သူ့အဖေရဲ့ပင်လယ်ခရီးတစ်ခုကိုလိုက်သွားပါတယ်။ Yellow ကိုပါခေါ်သွားခဲ့တာပါ။အဲ့မှာ ရာသီဉတုပြင်းထန်တာနဲ့ကြုံပြီး လှိုင်းလုံးမိကာ သင်္ဘောမှောက်ပါတော့တယ်။အဲ့ဒီမှာ အန်းဂတ်စ်နဲ့ Yellow နှစ်ဉီး သူဆောက်ထားတဲ့လှေလေးပေါ်ပါသွားပြီး ကျွန်းတစ်ကျွန်းမှာသောင်တင်ခဲ့ပါတယ်။လူသူပြတ်နေတဲ့ တောခြုံကြားမှာ သူတို့အတူ သဘာဝရဲ့ဘေးအန္တရာယ်တွေနဲ့၊သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကိုရင်ဆိုင်ရပါတယ်။ကယ်ဆယ်သူတွေအလာကို စောင့်ဆိုင်းရင်း အန်းဂတ်စ်နဲ့ Yellow နှစ်ယောက်ကျွန်းပေါ်မှာ ဘယ်လိုအသက်ရှင်ရပ်တည်သွားကြမလဲ။ အိမ်ကိုရောအရောက်ပြန်နိုင်မှာလား။ တစ်ဖက်က အန်းဂတ်စ်ရဲ့မိဘတွေဖြစ်တဲ့ ဂျွန်နဲ့ကတ်သရင်းတို့ကရော သူတို့ကိုရှာတွေ့နိုင်ပါမလား။ ခွေးတွေသစ္စာရှိတယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ဒီကားလေးထဲမှာကြည့်ရှုခံစားလိုက်ပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ အန်းဂတ်စ်အဖြစ် Jesse Bradford ရယ်၊ စိုင်လတ်အဖြစ် Joel Palmer၊ မင်းသမီး Margot Finley နဲ့မိဘနှစ်ပါးနေရာက Bruce Davison၊ Mimi Rogers တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ File size…2.78GB / 843.3MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 21m Genre ..... Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin