
ဒီကားကတော့ dragon ballကာတွန်းရုပ်ရှင်တွေထဲမှာ ၂၁ကား မြောက်ဖြစ်သလို စီးရီးရဲ့canonလည်းဖြစ်ပါတယ်။ ပြီးတော့ သူ့ ရှေ့ကား dragon ball super : brolyနဲ့လည်းတိုက်ရိုက်ဆက်ပါ တယ်။ ဆိုတော့ ရှေ့ကားကိုလည်း canonလို့ ယူလို့ရမယ်ထင်တာပဲ။ Dragon ballရဲ့ဇာတ်ကောင် Son Gokuဆိုတာလည်း နယ်နယ်ရရ မဟုတ်ပါဘူး။ တရုတ်ဂန္ဓဝင်ဝတ္ထုကြီးဖြစ်တဲ့ အနောက်အရပ်သို့ ခရီး သွားခြင်းထဲက စွန်းဝူခုန်းကိုပဲ ဂျပန်ကာတွန်းဗားရှင်းပါ။ 1980ဝန်း ကျင်မှာ Son Gokuဟာ တစ်ကမ္ဘာလုံးပေါက်ခဲ့တာမလို့ တရုတ်ကပါ သူတို့ရဲ့မူရင်းဇာတ်လမ်းကိုယူဆွဲတာတောင်ပေါက်နေရင် ငါတို့ကိုယ်တိုင် ရိုက်မယ်ကွာဆိုပြီး Journey to the westဇာတ်လမ်းတွဲကြီးကို ရိုက်ကူး ခဲ့ရာကနေ ဂန္ဓဝင်ဇာတ်လမ်းတွဲကြီးပေါ်ပေါက်လာခဲ့တာပါ။ ဟာ...အဲ့လောက် နာမည်ကြီးနေပြီး ဂျပန်ကာတွန်း ကြီးသုံးကြီး( naruto, bleach, onepiece) ထဲ ဘာလို့မပါလဲဆိုရင် အဲ့၃ခုက ၁၉၉၀နောက်ပိုင်း နောက်ပေါက်တွေ ဖြစ်ပြီး Dragon ballကတော့ ၁၉၈၀ဝန်းကျင် ဘိုးအေကာတွန်းဖြစ်နေလို့ ပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ ----------------------------- စီးရီးမှာပါဖူးတဲ့ Red ရဲ့ Red Ribbon Armyကို မွေးစားသားဖြစ်သူ Magnentaက ပြန်တည်ထောင်ဖို့လုပ်နေရာမှာ androidစက်ရုပ်ကျွမ်း ကျင်သူပညာရှင် ဒေါက်တာ Geroရဲ့မြေးဖြစ်သူ Dr.Hedoကို စည်းရုံး ပါတော့တယ်။ အဲ့ဒီနောက်မှာတော့ Hedoဟာ Gamma 1 and 2ကို တီထွင်ပြီး Piccoloကိုသိပ်ခိုင်းရာ Piccoloကြီးကိုနိုင်သွားခဲ့ပါတယ်။ ဒါ့အပြင် Dragon ball fanတွေသိကြတဲ့ ဇာတ်ကောင်တွေအားလုံးတောင် မနည်းချခဲ့ရတဲ့ ဒေါက်တာGeroရဲ့Cellသတ္တဝါဆိုးကြီးကို အဆင့်မြှင့်တင် ထားတဲ့ Cell Maxကိုပါ ဒေါက်တာHedoကြီးက တီထွင်နေပြန်ပါတယ်။ ဘယ်သူမှအနိုင်မယူနိုင်တဲ့ Cell Maxကို ဘယ်လိုတွေအနိုင်ယူကြမလဲ ဆိုတာကိုကိုယ်တိုင်ပဲဆက်ကြည့်ရှုကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ DrNyan ဖြစ်ပါတယ်) File Size..........(1.91 GB) / (1.21 GB) Quality............WEB-RIP 1080p / 720p Subtitle...........Myanmar Hardsub Duration..........1Hr 40Mins Format............MP4 Genre..............Animation, Action, Adventure Translator.......DrNyan Encoder..........SWM