
DCAUရဲ့ Animationကားသစ်တစ်ကား ထွက်ရှိလာပါပြီ။ ဒီတစ်ခါ အလှည့်ကျတာကတော့ ကာရာဇောအဲလ်ခေါ် စူပါဂဲလ်ပါ။ DCAUရဲ့ နောက်ပိုင်းanimationတွေမှာ ရုပ်ထွက်အပိုင်းတွေက အတော်လေး သေသပ်ပြီး မျက်စိပသာဒဖြစ်လာတာ တွေ့ရမှာပါ။ ဒီanimationရဲ့ ရုပ်ထွက်က အတော်လေး ချစ်စရာကောင်းပါတယ်။ IMDbမှာတော့ 5.8 ရထားပါတယ်။ ခရစ်ပတွန်ဂြိုဟ်ပျက်စီးမှုကနေ ကမ္ဘာဂြိုဟ်ဆီရောက်လာတဲ့ ကာရာ တစ်ယောက် အိမ်အသစ် ဂြိုဟ်အသစ်မှာ အသားမကျသလို မိခင်နဲ့ မွေးရပ်ဂြိုဟ်ကိုလွမ်းဆွတ်မှုကြောင့် ကမ္ဘာဂြိုဟ်မှာ မပျော်ရွှင်နိုင်ဘဲ ဖြစ်နေတာပါ။ အဲဒီအပြင် သူ့ရဲ့စွမ်းအားကို မထိန်းချုပ်နိုင်မှုကြောင့် ကမ္ဘာသားတွေရဲ့ အိုးအိမ်ပျက်စီးမှုတွေဖြစ်လာပြီး မကြည်ဖြူမှုတွေ ရှိလာလို့ ကမ္ဘာကနေ စွန့်ခွာသွားဖို့ စဉ်းစားနေသူပါ။ ဒါပေမဲ့ ဝမ်းကွဲအစ်ကိုဖြစ်သူ စူပါမန်းက အချိန်စက်လုံးနဲ့ ၃၁ရာစုရဲ့ ကမ္ဘာဂြိုဟ်ကို ခေါ်သွားပြီး လီဂျင်တပ်ခေါ် စူပါဟီးရိုးအဖွဲ့အစည်းရဲ့ အကယ်ဒမီမှာ သူ့ရဲ့စွမ်းအားတွေကိုထိန်းချုပ်နိုင်အောင် လေ့ကျင့်ဖို့ ခေါ်သွားခဲ့ပါတယ်။ ထိုအကယ်ဒမီမှာ သူနဲ့ရွယ်တူ ဟီးရိုးအငယ်တွေ စုံမိပြီး အဆင်ပြေမယ်ကြံကာမှ သူတို့အစွမ်းနဲ့မမျှတဲ့ ဉာဏ်များတဲ့ ဗီလိန်အဖွဲ့တစ်ဖွဲ့က လီဂျင်တပ်ထဲက ပစ္စည်းတစ်ခုကိုခိုးကာ အလွန် ဆိုးဝါးတဲ့အစီအစဉ်တစ်ခုကို ပုံဖော်လာတဲ့အခါ စူပါဂဲလ်တို့ လူငယ် တသိုက် ထိုအဖွဲ့အစည်းကို တားဆီးဖို့ ကြိုးစားရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ illidan ဖြစ်ပါတယ်) File Size..........(1.29 GB) / (550 MB) / (340 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 23Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Action, Sci-Fi Translator.......illidan Encoder..........SWM