
DCAUရဲ့ နောက်ထပ် Animationဇာတ်ကားသစ်တစ်ကား ထပ်ထွက်လာပါပြီ။ ဒီတစ်ခေါက်မှာတော့ ပုံမှန် Justice Leagueအဖွဲ့ဝင်တွေအကြောင်း မဟုတ်ဘဲ စူပါမန်းရဲ့သား ဂျော်နသန်ကန့်တ်နဲ့ ဘတ်မန်းရဲ့သား ရော်ဘင်တဖြစ်လဲ ဒေမီယန်တို့အကြောင်း အဓိကတင်ဆက်ထားတာပါ။ ဖခင်ဖြစ်သူ ကလာ့ခ်ကန့်တ်ဟာ စူပါမန်းဆိုတာမသိတဲ့ ဂျော်နသန်က ဖခင်ရဲ့လှစ်ဟင်းမှုတွေကြောင့် စိတ်ပျက်နေရာကနေ တစ်နေ့မှာတော့ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခုကြောင့် သူကိုယ်တိုင်မှာလည်း စွမ်းအားတွေရှိမှန်း သိသွားပါတယ်။ ဒီလိုသိရမှာတဆင့် ဖခင်ရဲ့ဘဝမှန်အကြောင်းလည်း သိသွားသလို ဂေါ့သမ်စီးတီးက ဘတ်မန်းနဲ့ သူ့ရဲ့သား ဒေမီယန်တို့ကိုပါ သိသွားပါတယ်။ လူရိုးလေးဂျော်နသန်နဲ့ လူကြမ်းလေး ဒေမီယန်တို့ဟာ စတွေ့ကတည်းက ဘုနဲ့ဘောက်ဖြစ်နေခဲ့တာပါ။ အဲဒီအချိန်မှာပဲ ကမ္ဘာဂြိုဟ်ပြင်ပ အာကာသထဲမှာရှိတဲ့ ဂျက်စတစ်လိဂ် စောင့်ကြည့်တာဝါကို တိုက်ခိုက်ခံလိုက်ရပြီး မသင်္ကာစရာကိစ္စတွေ ဖြစ်လာတာကြောင့် စူပါမန်းနဲ့ ဘတ်မန်းတို့ ကိုယ်တိုင်လိုက်သွားရင်း သူတို့ကိုယ်တိုင် ထောင်ချောက်ထဲ ကျဆင်းသွားပါတယ်။ ဂျက်စတစ်လိဂ်ရော တင်းတိုက်တန်စ်အဖွဲ့ပါ အန္တရာယ်ကျရောက်သွားတဲ့နောက် ထိုထူးဆန်းတဲ့အန္တရာယ်ကို ဖြေရှင်းဖို့က ဂျိုနသန်နဲ့ ဒေမီယန်တို့ခေါင်းပေါ် ကျလာပါတယ်။ ထိုအန္တရာယ်က ကမ္ဘာဂြိုဟ်သာမက ကြယ်စင်စုတစ်ခုလုံးကို ဒုက္ခပေးမယ့်အရာ ဖြစ်နေတဲ့အခါ စတွေ့ကတည်းက မတည့်ကြတဲ့ ဟီးရိုးလေး၂ယောက် ရင်ဆိုင်ရမှာ ဘယ်လိုဗီလိန်ဖြစ်နေမလဲ၊ အဲဒီအရာတွေကို သူတို့တက်ညီလက်ညီ တားဆီးနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Action, Animnation Quality…. 1080p | 720p | 480p File size…1.3GB | 744MB | 398MB Format… mp4 Duration….1h 19min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August