
စုံထောက်ကားတော့ စုံထောက်ကား။ ဒါပေမဲ့ စုံထောက်ကားစစ်စစ် မှုခင်းကားစစ်စစ်တွေ အသေအချာကြည့်လေ့ရှိတဲ့ အမာခံပရိသတ်ဆိုရင်တော့ဖြင့် ဒီကားကို လက်ရှောင်ကြပါ။ မျှော်လင့်ပြီးမှ စိတ်ပျက်ရတာက မကြည့်ဖြစ်လိုက်တာထက် သာလို့ဆိုးပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်နာမည်တွေကြောင့် လာတာဆိုရင်တော့ ဘာပဲပြောပြော မျက်နှာလေးတွေကြည့်ပြီး ကျေနပ်နိုင်မှာပါ။ ဒီကားရဲ့ နာမည် Confidential Informant ဆိုတဲ့အတိုင်းပဲ... ဇာတ်လမ်းကတော့ လျှို့ဝှက်သတင်းပေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ မူးယစ်ရဲ၂ယောက်အကြောင်းပါ။ မူးယစ်လောကထဲက ရဲတစ်ယောက်ကိုသတ်သွားတဲ့ ရဲသတ်သမားကို ဖမ်းဖို့အတွက် ၂ယောက်သား လျှို့ဝှက်သတင်းပေးနဲ့ပေါင်းပြီး ကျားကုတ်ကျားခဲ ကြိုးစားကြမှာပါ။ Crime Thriller ဆိုတော့လည်း Spoil မမိအောင် ပြောပြလို့ရသလောက်က ဒီလောက်ပါပဲ။ အစကတည်းကမှ ဇာတ်က ခပ်ယိုင်ယိုင်ဆိုတော့ Spoil မိသွားရင် ကြည့်စရာ မကျန်တော့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်...။ အားလုံးသိကြတဲ့ မင်းသားကြီး Mel Gibson လို ထိတ်ထိတ်ကြဲဘဲကြီးအပြင် ငယ်ငယ်က ကြည့်ခဲ့ကြရတဲ့ Terminator 3: Rise of the Machines ထဲမှာ ဂျွန်ကော်နာလုပ်ခဲ့တဲ့ Nick Stahl ရယ်၊ Prison Break ထဲက Dominic Purcell တို့၊ Superman Returns ထဲက Kate Bosworth တို့လို စူပါတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စူပါတွေပါတိုင်း စူပါရုပ်ရှင်လို့ မဆိုသာပေမယ့်လို့ စူပါဝိတ်လေးတင်ထားတော့ အိပ်ချင်စရာတော့ မကောင်းဘူးပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 840MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download | ||
| 1080p | Download | ||
| 720p | Download |