
Ayisha (2023) ******************* IMDb-8.2/10 Flimfare ဆုအပြင် တခြားဆုပေါင်းများစွာရထားတဲ့ အဆိုကောင်းအကကောင်း မင်းသမီးကြီး Manju Warrier က ပထမဆုံးမလေယာလမ်ရုင်ရှင်မင်းသမီးကြီး Nilambur Ayisha ရဲ့ ဘ၀ဇာတ်ကြောင်းကို ပြန်လည် အသုံးတော်ခံထားပါတယ်။ ဟိုးအရင်ခေတ်တွေတုန်းကတော့ အစေခံခေါ်ကြတယ်။ လူသားချင်းစာနာတဲ့ခေတ်ဘာညာနဲ့ ဖြစ်လာတော့ အိမ်အကူ အိမ်အတွက် ကူဖော်လောင်ဖက်။ဒီဇာတ်လမ်းထဲမှာလည်း အိမ်အကူတွေရဲ့ ဖြတ်သန်းရပုံတွေပေါ့။ ဇာတ်လမ်းအကျဉ်း အာရီရှာဆိုတဲ့ အမျိုးသမီးက အာရပ်ပြည်ကို အိမ်အကူလုပ်ငန်းလုပ်ဖို့ သမီးလေးကိုခွဲပြီး ရောက်ရှိလာသူဖြစ်ပါတယ်။ အိမ်အကူလုပ်တယ်ဆိုပေမဲ့ သတ္တိကတော့ မခေလှဘူး။ အလုပ်အေဂျင်စီကလူတွေနဲ့ ထိပ်တိုက်တွေ့တာလည်း ခဏခဏပါပဲ။ ဒီလိုဇနဲ့ အာရီရှာ အလုပ်ရတဲ့နေရာက မာမားလို့ခေါ်ကြတဲ့ အမျိုးသမီးကြီး ဩဇာညောင်းတဲ့ မော်ဆွမ်းနန်းတော်မှာပါ။လူတိုင်းသူ့စကားတစ်ခွန်းနဲ့ အကုန်ပြီးလောက်သည်ထိ အိမ်ကြီးရှင်မာမားနဲ့ မဟုတ်မခံ အာရီရှာတို့ နှစ်ဦးကြားက ဆက်ဆံရေးအဖုအထစ်တွေမှာ သူတို့နှစ်ဦး အဆင်ပြေသွားကြမလား တဦးနဲ့တဦးရန်ပဲဆောင်နေကြရမလားဆိုတာ အမျိုးသမီးနှစ်ယောက်ရဲ့ အားပြိုင်မှုကို ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ BpL ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ BpL , chiclon3,Thaik San , Aditi, Zwe Yan Naing, Yunni တို့ပဲဖြစ်ပါတယ်) File size…2.38GB / 1.12GB Quality…1080p WEB DL /720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ chiclon3 ~ Thaik San ~ Aditi~ Zwe Yan Naing~ Yunni