
(IMDb 5.7 Rotten Tomatoes 65%ရထားတဲ့ Sci-fi Horror ကားတစ်ကားပါ) လူတွေက ကိုယ်ကြိုက်တဲ့ဆယ်လီတွေကို ဘယ်လောက်အတိုင်းအတာအထိစွဲလမ်းနိုင်ကြမယ်လို့ထင်လဲ။ သူတို့၀တ်သလိုလိုက်၀တ်စားမလား သူတို့နေထိုင်သလိုလိုက်နေထိုင်မလား ဒါမှမဟုတ် အဆုံးစွန်ထိတွေးကြည့်မယ်ဆိုရင် အဲဒီဆယ်လီနဲ့ ချွတ်စွပ်တူသွားအောင် ကိုယ့်ကိုကိုယ် ပလတ်စတစ်ဆာဂျရီလုပ်လိုက်မလားပေါ့။ ဒီကားထဲကလူတွေရဲ့ ဆယ်လီတွေအပေါ်စွဲလမ်းကြပုံကတော့ ဘယ်သူမှလိုက်မမီတဲ့အဆင့်တစ်ခုကိုရောက်ရှိလို့နေပါပြီ။ လူတွေက သူတို့စွဲလမ်းတဲ့ဆယ်လီတွေဆီမှာဖြစ်နေတဲ့ ရောဂါတွေကို လိုက်ခံစားချင်လို့ အဲဒီရောဂါတွေကိုလိုက်၀ယ်ကြပါတယ်။ ဒါကိုသိတဲ့ဆယ်လီတွေကလည်း သူတို့ဆီမှာရောဂါတစ်ခုဖြစ်တိုင်း အဲဒီရောဂါဗိုင်းရပ်စ်ပိုးကို ရောင်းစားကြပါတယ်။ ဥပမာ- ဒီလူတစ်ယောက်က သူစွဲလမ်းနေတဲ့ဆယ်လီရဲ့နှုတ်ခမ်းမှာဖြစ်နေတဲ့ရေယုန်ကို တစ်ထပ်တည်းခံစားချင်လို့ ဆေးခန်းမှာလာပြီး အဲဒီဗိုင်းရပ်စ်ထိုးဆေးကို၀ယ်တယ်ပေါ့။ လူးကပ်စ်ဆိုတဲ့ဆေးခန်းကတော့ ဆယ်လီတွေမှာဖြစ်နေတဲ့ ရောဂါပိုးဗိုင်းရပ်စ်တွေကို ထိုးဆေးထဲထည့်ပြီးရောင်းနေတဲ့နေရာပါ။ ဆစ်မတ်ဆိုတဲ့လူကတော့ လူးကပ်စ်ဆေးခန်းမှာအလုပ်လုပ်နေသူပေါ့။ သူကဆေးခန်းက ဗိုင်းရပ်စ်နမူနာတွေကို ဘုန်းပြီး မှောင်ခိုဈေးကွက်မှာလည်း ပြန်ပြန်ရောင်းစားရင်း သူကိုယ်တိုင်လည်း ဒီထိုးဆေးတွေကိုခိုးသုံးနေတဲ့သူပါ။ အဲဒီမှာ ရောဂါပိုး၀ယ်လိုအားအများဆုံးရထားတဲ့ ဟားနားဂရိုက်စ်ဆိုတဲ့ နာမည်ကြီးဆယ်လီဆီက ဗိုင်းရပ်စ်ထိုးဆေးကို ဆစ်မတ်တစ်ယောက် ခိုးသုံးပြီးနောက်ပိုင်းမှာတော့ ဟားနားလည်း အမည်ဖော်လို့မရတဲ့ရောဂါနဲ့သေဆုံးသွားခဲ့တဲ့အခါမှာ ဟားနားဂရိုက်စ်နဲ့နောက်ဆုံး ထိတွေ့ခဲ့ရတဲ့ ဆစ်မတ်ဟာ ဟားနားခံစားခဲ့ရတဲ့ ဝေဒနာတွေကိုခံစားလာရပြီး သူ့ပရိတ်သတ်တွေ၊ ဖောက်သည်တွေရဲ့ မျက်စိကျစရာဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ဆစ်မတ်တစ်ယောက် ဒီအရှုပ်တော်ပုံကြီးကိုဘယ်လိုအဖြေရှာပြီး အသက်ဆက်ရှင်ဖို့ကြိုးစားမလဲဆိုတာကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်ကားက တော်တော်လေး ရူးကြောင်ကြောင်လည်းနိုင် စိတ်ညစ်စရာလည်းကောင်း အော်ဂလီဆန်စရာတွေလည်းအများကြီးပါတာမလို့ စိတ်ဆင်းရဲခံနိုင်မှသာကြည့်ကြဖို့သတိပေးလိုက်ပါရစေ) File size…(1.3 GB)/(620 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Science Fiction, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
September 19, 2012
ကြာချိန်
1h 50m
အဆင့်သတ်မှတ်ချက်
5.9 / 10
Director
Brandon Cronenberg